fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027
December Holidays
December Holidays
December 7, 2021 Wai Yan
Dear parents,
Greetings from MISA admin team,
It has been a couple of weeks since the second term commenced, and there are a couple of things that we would like to bring to your kind notice.
  • December Holidays
The school will be closed for twelve days – from Dec 24, 2021 to January 4 2022. We wish you a merry Christmas and a happy new year in advance. 
The school library will be open these days, and for those who would like to spend their time reading are permitted to borrow books from the library. Please kindly contact the school office if you would like to check out books from the library.
  • A Day at School Programme
It has been more than one-and-a-half years since the school campus was closed for traditional, face-to-face learning and the schooling has been shifted to online learning since then. There are many benefits of learning via online; and the use of technology has been and will continue to be an integral part of the learning process. However, we also realise that there is one area that we need to further improve on, which is in fact a crucial aspect of learning –  the close bond among themselves and between them and the school. We have been occasionally hearing from our students how they miss the school days and how they wish they could come to school.
In order to make this happen, we have planned to organise ‘A Day at School’ activity throughout December. A small number of classes will be invited to school each day, and students will be able to spend one school day at school – meeting their classmates and teachers in person, taking some classes inside the classrooms, making use of the school’s playground, and taking part in PE activities. The school will be taking strict social distancing and other necessary measures to ensure the safety of everyone.
Participation in this activity is by no means compulsory and students can still opt for online learning mode; but we believe that this will be very beneficial for them. We therefore strongly encourage that you please send your child to school for one day scheduled during this month. Their homeroom and assistant teachers, and the school office, will contact you with the detailed schedules.
  • Term 1 Report Cards
Term 1 report cards can be collected at the MISA office during the working hours (9:00 am to 3:30pm).
Cambridge Examinations
For the past two years, checkpoint examinations did not take place due to the widespread of COVID-19. For the 2022 May/ June series, if the situation is stable, we plan to offer those CheckPoint examinations. Also, we do hope that our students will be able to take official Cambridge IGCSE, As and A Levels examinations under the conventional exam condition. 
Examination registration period is from January to early February. We will keep you updated regarding this. Year 6, Year 9, Year11, Year 12 and Year 13 students are expected to take Cambridge International examinations in April, May and June 2022.
  • English Week
We are celebrating English week between the 13th – 17th of December with lots of fun activities. It is a time for our students to showcase their language skills and win prizes. The activities will be conducted in the 5th period, from 12:50 PM to 1:30 PM. Respective English teachers will share links, and although participation is not compulsory, we strongly encourage that your children take part in the activities.
  • Payment
For those making the school fee payment on the installment basis, the payment period is from December 7, 2021 until Dec 18, 2021. Please kindly contact our finance department at 09755838633.
(Unicode)
လေးစားရပါသော ကျောင်းသားမိဘများသို့
MISA ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။
စာသင်နှစ်ဝက် ဒုတိယပိုင်း အစမှာ လူကြီးမင်းတို့အားအသိပေးလိုသောအကြောင်းအရာများရှိပါသည်။
1.ဒီဇင်ဘာကျောင်းပိတ်ရက်များ
ဒီဇင်ဘာကျောင်းပိတ်ရက်များအဖြစ် ၂၀၂၁ဒီဇင်ဘာ၂၄ရက်မှ ၂၀၂၂ဇန်နဝါရီ၄ရက်နေ့အထိ ၁၂ရက်ကြာ ကျောင်းပိတ်မည်ဖြစ်ပါသည်။ ပျော်ရွှင်စရာခရစ္စမတ်နဲ့ ပျော်ရွှင်စရာ နှစ်သစ်ကူးဖြစ်ပါစေကြောင်း ကြိုတင်ဆုတောင်းပေးလိုက်ပါသည်။ ကျောင်းပိတ်ရက်များကို စာဖတ်ရင်းဖြင့်ဖြတ်သန်းလိုသော ကျောင်းသားများအတွက် စာအုပ်များဌားပေးနိုင်ရန် ကျောင်းစာကြည့်တိုက်အားဖွင့်ထားပေးမည်ဖြစ်သဖြင့် ကျောင်းရုံးခန်းသို့ ဆက်သွယ်ငှားရမ်းနိုင်ပါသည်။
A Day at School Programme
သမားရိုးကျ မျက်နှာချင်းဆိုင်ပညာသင်ကြားခြင်းအတွက် ကျောင်းပရဝုဏ်ကို ပိတ်ထားခဲ့ပြီး online learning နှင့် သင်ကြားခဲ့သည်မှာ တစ်နှစ်ခွဲကျော်ကြာခဲ့ပြီဖြစ်ပါသည်။ အွန်လိုင်းမှတဆင့် ပညာသင်ကြားခြင်း၏ အကျိုးကျေးဇူးများ အလွန်များပြားပြီး နည်းပညာအသုံးချမှုများသည် သင်ကြားမှုအစီအစဉ်များတွင် အဓိကကျသောအစိတ်အပိုင်းတခုအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်။ သို့သော်လည်း ကျောင်းသားများနှင့် ကျောင်းအကြား ရင်းနှီးသောထိတွေ့မှုဖြစ်ရန်မှာ ပိုမိုတိုးတက်ရန်လိုအပ်နေသော အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်ကြောင်းလည်း ကျွန်တော်တို့အနေဖြင့် နားလည်ထားပြီး ဖြစ်သည်။ ကျွန်တော်တို့အနေဖြင့် ကျောင်းသားများထံမှ ကျောင်းရက်များကို လွမ်းနေကြောင်း၊ ကျောင်းတက်လိုကြ ကြောင်းလည်း ရံဖန်ရံခါ ကြားရပါသေးသည်။
ဒီအတွက်ကြောင့် ကျွန်တော်တို့အနေဖြင့် A Day at School အစီအစဉ်ကို ဒီဇင်ဘာလ တစ်လျှောက်လုံး ကျင်းပနိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။ အတန်းအနည်းငယ်ကို တစ်ရက်ချင်း ကျောင်းသို့ဖိတ်ခေါ်မည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့်လည်း အတန်းဖော်များနှင့် ဆရာများကို လူကိုယ်တိုင်တွေ့ရခြင်း၊ သင်ခန်းစာများကို စာသင်ခန်းတွင်သင်ရခြင်း၊ ကျောင်းကစားကွင်းအသုံးပြုရခြင်း နှင့် PE လှုပ်ရှားမှုများတွင် ပါဝင်ရခြင်းဖြင့် ကျောင်းတွင်တစ်ရက်တာအချိန်ကုန်ဆုံးနိုင်မည်ဖြစ်သည်။ ကျောင်းသားများအားလုံး လုံခြုံစိတ်ချမှုရှိစေရန်အတွက် social distancing နှင့် အခြားလိုအပ်သောအရာများကိုလည်း ကျောင်းမှ စီစဉ်ထားမည်ဖြစ်သည်။
ဤလှုပ်ရှားမှုတွင် မဖြစ်မနေ ပါဝင်ရမည်ဟု မဆိုလိုဘဲ ကျောင်းသားမျာသည် online မှ သင်ယူမှုကို တတ်နိုင်ပါသည်။ သို့သော်ငြားလည်း ဤ ကျောင်းသို့ တစ်ရက်တာမျှ လာရောက်သင်ယူခြင်းသည် သူတို့အတွက် အကျိုးပြုမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ထို့ကြောင့် ဤလအတွင်း သတ်မှတ်ထားသောနေ့ရက် တစ်ရက်တွင်   ကလေးများကို ကျောင်းသို့ ပို့ပေးပါရန် အလေးအနက်တိုက်တွန်းပါသည်။ သူူတို့၏ အတန်းပိုင်ဆရာမ၊ လက်ထောက်ဆရာမများနှင့် ကျောင်းရုံးခန်းမှ အသေးစိတ် အချိန်ဇယားကို ဆက်သွယ်ပါလိမ့်မည်။
ပထမနှစ်ဝက် Report cards ပညာရည် တိုးတက်မှု မှတ်တမ်း
ပထမနှစ်ဝက်၏ Report card များကို ကျောင်းရုံးခန်းတွင် (မနက် ၉နာရီ မှ ညနေ ၃း၃ဝနာရီ) ရုံးချိန်အတွင်း လာရောက် ထုတ်ယူနိုင်ပါသည်။
Cambridge စာမေးပွဲများ
လွန်ခဲ့သော နှစ်နှစ် အတွင်း Checkpoint စာမေးပွဲများကို COVID-19 ပျံ့နှံ့မှုကြောင့် မဖြေဆိုနိုင်ခဲ့ပါ။ 2022 မေလ/ဇွန်လ အတွက် ဆင်ပြေပါက Checkpoint ကို ဖြေဆိုနိုင်ရန် စီစဉ်ထားလျက်ရှိပါသည်။ Cambridge IGCSE, AS နှင့် A Levels စာမေးပွဲများလည်း ကျွန်ုပ်တို့၏ ကျောင်းသားများအနေဖြင့် သမာရိုးကျ စာမေးပွဲဖြေဆိုမည့် အခြေအနေအတိုင်း ဖြေဆိုနိုင်ဖို့ရန် အတွက် မျှော်လင့်ပါသည်။
စာမေးပွဲစာရင်းသွင်းရမည့်ကာလမှာ ဇန်နဝါရီလ မှ ဖေဖော်ဝါရီလ အစောပိုင်း ဖြစ်သည်။  ဤ အကြောင်းအရာနှင့် ပတ်သက်ပြီး အချိန်နှင့် တပြေးညီ ပြောပြသွားပါမည်။ Year 6, Year 9, Year 11, Year 12 and Year 13 ကျောင်းသားများအနေဖြင့် လာမည့် ဧပြီလ၊ မေလ နှင့် ဇွန်လ အတွင်း Cambridge နိုင်ငံတကာ စာမေးပွဲများကို ဖြေဆိုနိုင်ဖို့ မျှော်လင့်ပါသည်။
English Week
လာမည့် သီတင်းပတ် ဒီဇင်ဘာလ ၁၃ မှ ၁၇ အား အင်္ဂလိပ်ဘာသာစကား သီတင်းပတ် အဖြစ် သတ်မှတ်ထားပြီး ထိုသီတင်းပတ်အတွင်း ကျောင်းသားများ စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်စရာ အစီအစဉ်များ စီစဉ်ထားပါသည်။ ကျောင်းသားများ၏ ဘာသာစကား ကျွမ်းကျင်မှုအား မှတ်ကျောက်တင်စရာ ဆုများ ဆွတ်ခူးစရာ အခွင့်ကောင်း ဖြစ်ပါသည်။
နေ့လည် ၁၂း၅၀ မှ ၁း၃၀ အတွင်း ပြိုင်ပွဲများ စီစဉ်ထားပါသည်။ သက်ဆိုင်ရာ အင်္ဂလိပ်ဘာသာစကား ဆရာများက မည်သည့် link မှ ဝင်ရမည် ဆိုသည်ကို ပြောပေးပါလိမ့်မည်။ အဆိုပါအစီအစဉ်အား မပါမနေရ သတ်မှတ် မထားသော်လည်း ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်ကြစေရန် အထူးတိုက်တွန်းလိုပါသည်။
ငွေပေးချေခြင်း
Installment Base နှင့် ကျောင်းလခ ပေးသွင်းထားသူများအတွက် တတိယအကြိမ်ငွေပေးသွင်းရမည့် အချိန်ကာလသည် ဒီဇင်ဘာလ ၇ရက်နေ့ မှ ဒီဇင်ဘာလ ၁၈ရက် နေ့အထိ ဖြစ်ပါသည်။ ကျေးဇူးပြုပြီး ကျွန်ုပ်တို့၏ ငွေစာရင်းဌါန (၀၉-၇၅၅၈၃၈၆၃၃) တွင် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
(zawgyi)
English Week
ငွေပေးချေခြင်း
Comments (0)
Leave a reply
Your email address will not be published.
*