No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

March 10 Parent Message

March 10 Parent Message
March 10, 2021 Wai Yan

Dear parents,

Warm greetings from MISA.

End of the School Year

We would like to start with some important news, which is that online lessons will end on March 31. That means there are now just over three weeks of classes to go, after which everyone will receive their end of year report cards. We will then conduct Progression Tests in early April. Support will also be provided during April and May for those students who need it.

Cambridge Exams

Progression Tests will take place online and schedules will be provided. These are internally assessed and give us valuable data on student progress. We will work with this data during the coming school year, and provide extra support where necessary, to make sure all students are on track in the Cambridge Pathway.

IGCSEs will be conducted in-house, and evidence will be sent to Cambridge so that a fair score can be assigned to each student for every subject they have chosen.

Checkpoints will not take place this year.

Helping Students

Attendance at live sessions has significantly improved. Some parents are happy that we are continuing these lessons, and we agree that they should be made available. Others express their frustration that they cannot connect to Google Meet. For that reason, we have asked teachers to provide all learning materials, instructions, lesson slides and recordings for students to access in their own time.

All absences will be excused, and we will not be disappointed if students do not complete assignments. We do not wish to place undue pressure on them at this time but we want them continue learning. According pedagogical research, it is better for children to have a normal routine during times of crisis, while halting their education is the worst possible thing to do. If it is too difficult for them do their assignments or join classes, we understand, but please keep on trying your best, and our teachers will do the same.

Let them express their feelings as they live through an important moment in history. For instance, they can keep a written or a video diary. This will give them something valuable to look back on in a few years, and help them deal with negative feelings, as they may become scared or insecure hear when they overhear bad things being spoken about.
You can also reassure students that they are safe and have a bright future. Focus on success, and on completing IGCSEs and A-levels, so that they can go to the best universities in the world. With a good education they can then help this country move forward peacefully.

Further Support

We will continue to assist our students in various ways over the summer months, as many of our teachers will remain in Mandalay during April and May, to help them catch up or retain their numeracy and literacy skills.
One of those ways is our Read-a-Thon. Prizes and certificates will be made available throughout 2021 in order to encourage all students to read.

In addition, we can provide free Mathematics and English tuition and online modules for any students who require them.

IGCSE students will also continue to receive preparation for their exams.

Next School Year

The next school year will begin a little later than usual, on June 28, 2021. We do not foresee any great changes in the faculty, and most teachers are already contracted for a further year, meaning we can continue the Cambridge programme smoothly and without further interruptions. School fees will not be increased for any age groups, and enrolment is open, with discounts during March and April. Please contact our school office for more info.

Last but not least, I would like to personally express my gratitude to all parents for your support over the last nine months. It has been an incredible effort from your side, and we cannot put into words how much we admire your perseverance and dedication for the sake of your children.

It has been a remarkable and turbulent year, and we can take some positives from the double-edged crisis that has befallen us. Students have learnt new skills that will serve them well in their future lives. They have experienced what it is like to work with computers and to be more independent and resilient. We have solved problems together through engagement, innovation, and responsibility, which are three of the central Cambridge learner attributes. I feel that this experience has made all of us stronger, and ready for anything that the future brings.

That is why we should not be downhearted. Instead, we should look to the future, our children, and do our part to help Myanmar by helping them. In time, we will return to some kind of normality and continue on our path.

It is important that the MISA community stays together, for the school to continue functioning and for students to receive an international education. The school relies on you, and we must continue our mission to provide quality education to Myanmar people.

Warm regards,

Michael Garton
Head of School
Mandalay Intl Science Academy

 


မတ်လ ၁၀ ရက် ၂၀၂၁

 

မိဘများခင်ဗျား

MISA မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သပါ{တယ်။

ကျောင်းစာသင်နှစ်နောက်ဆုံးရက်

အရေးကြီးတဲ့အကြောင်းအရာတခုကိုပြောပြပေးချင်ပါတယ်။ အဲဒါကတော့ အခုလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေများကြောင့် ယခုနှစ်ကျောင်းစာသင်နှစ်ကို မတ်လ ၃၁ ရက်နေ့မှာအဆုံးသတ်မဲ့အကြောင်းပဲဖြစ်ပါတယ်။  စာသင်ချိန်သီတင်းပတ် သုံးပတ်ကျော်သာ ကျန်ပါတော့မှာဖြစ်ပြီး ၎င်းနောက်ကျောင်းသားများအားပညာရည်မှတ်တမ်းများပေးအပ်သွားမှာဖြစ်ပါတယ်။ Progression test များကိုတော့ ဧပြီလအစောပိုင်းတွင်ကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပြန်လည်သင်ကြားပေးရန်လိုအပ်သောကလေးများကိုတော့ဧပြီနှင့်မေလများတွင်မွမ်းမံသင်ကြားပေးသွားမည်ဖြစ်ပါတယ်။

Cambridge စာမေးပွဲများ

Progression tests များ စစ်ဆေးပေးဖို့ရာ စီစဉ်ထားပါတယ်။ online မှတဆင့် ဖြေရပါမယ်။ ဒီ စာမေးပွဲ ရလဒ်က ကျောင်းသားများရဲ့တိုးတက်မှုကို သုံးသပ်နိုင်ဖို့ အရေးပါလှတဲ့ အချက်အလက် ဖြစ်ပါတယ်။ ဒီ ရလဒ် ဒေတာကို အသုံးချပြီး ရှေ့နှစ်အတွက် ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ Cambridge Pathway အတိုင်း အဆင်ပြေပြေ ဆက်လက်လျှောက်လှမ်းနိုင်ဖို့ရာအတွက် လိုအပ်ပါက ထပ်ဆောင်း ပြင်ဆင်လေ့ကျင့်ပေးနိုင်စေရန် စီစဉ်ပါမယ်။ IGCSEs စာမေးပွဲများကို ကျောင်းတွင်းစစ်မေးမှုပုံစံနဲ့ စစ်ဆေးပြီး စစ်လို့ရတဲ့ မှတ်တမ်းမှတ်ရာများကို Cambridge သို့ ပို့ပေးကာ သူတို့ ရွေးချယ်ထားတဲ့ ဘာသာရပ်တွေမှာ ရသင့်ရထိုက်တဲ့ အမှတ် ရစေဖို့ Cambridge အနေနဲ့ ရလဒ် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

Checkpoints စာမေးပွဲများကတော့ ယခုနှစ်အတွက် မရှိတော့ပါ။

ကျောင်းသားကျောင်းသူတွေကို ဘယ်လို ကူညီကြမလဲ

လက်ရှိအချိန်အတောအတွင်း တိုက်ရိုက် စာသင်ချိန်များမှာ  ကျောင်းတက်တဲ့ဦးရေက တော်တော်ကြီးကိုပုံမှန်ပြန်ဖြစ်လာနေပါပြီ။ အချို့မိဘများက စာပုံမှန် ဆက်သင်ယူခွင့်ရနေတဲ့အတွက် ဝမ်းသာကြောင်း ကြားသိရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း သင်ကြားသင်ယူမှု ပုံမှန်အတိုင်းပဲ ဆက် ရှိနေသင့်တယ်လို့ ခံယူပါတယ်။ အချို့မိဘတွေအတွက် ကတော့ Google Meet ကို ချိတ်ဆက်လို့မရတဲ့အတွက် အဆင်မပြေအခက်တွေ့ရကြောင်း သိရပါတယ်။ ဒီအတွက်ကြောင့် ကျောင်းသားတွေ အဆက်ပြေတဲ့အချိန်မှာ သင်ယူလေ့လာနိုင်စေဖို့အတွက် ဆရာဆရာမများအနေနဲ့ သင်ကြားရာမှာ အသုံးပြုခဲ့တဲ့ သင်ထောက်ကူများ၊ မှတ်စုများ၊ သင်ကြားမှုမှတ်တမ်း ဗီဒီယိုများကို ကျောင်းသားများထံ ပေးပို့‌ပေးကြဖို့ ညွှန်ကြားထားပါတယ်။

ဒီကာလတွေအတွင်း ကျောင်း ပျက်ကွက်ရတာမှန်သမျှကို နားလည်လက်ခံပေးပါတယ်။ ကျောင်းသားများအနေနဲ့ အခြေအနေအကြောင်းကြောင်းကြောင့် သတ်မှတ်ထားတဲ့ အိမ်စာများ အချိန်မီ မပြီးနိုင်တာကိုလည်း ခွင့်ပြုလက်ခံပေးပါမယ်။ ဒီလိုအချိန်အခါမျိုးမှာ ကျောင်းသားကျောင်းသူတွေအပေါ် ဖိအားများများ မဖြစ်စေဘဲ ပုံမှန်အခြေအ‌နေအတိုင်း လေ့လာသင်ယူခွင့် ရစေချင်ပါတယ်။ သင်ကြားရေးဆိုင်ရာသုတေသနအထောက်အထားများအရလည်း ဒီလိုခက်ခဲသောပဋိပက္ခအခြေမျိုးများမှာတောင်မှ ပညာသင်ကြားခြင်းကိုရပ်တန့်ထားခြင်းဟာကလေးများအတွက်ကောင်းကျိုးတစုံတရာမရှိဘဲ  တတ်နိုင်သလောက်ပုံမှန်အချိန်ဇယားများဖန်တီးပေးခြင်းကသာ ကောင်းမွန်ပါတယ်လို့ဆိုကြပါတယ်။   အတန်း တက်ဖို့ရာ ချိတ်ဆက်လို့မရတာ ဆရာများ ခိုင်းထားတာ လုပ်လို့မရတာ စတဲ့ အခက်အခဲတွေ ကြုံရတာမျိုးရှိရင် ကျောင်းအနေနဲ့ နားလည်လက်ခံပါတယ်။ ကျေးဇူးပြု၍ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးဖို့သာ တိုက်တွန်းလိုပါတယ်။ ဆရာဆရာမများကလည်း သူတို့တတ်နိုင်သမျှ အကောင်းဆုံး စီစဉ်ပေးနေပါတယ်။

ယခုလို သမိုင်းမှတ်တိုင်တင်ရလောက်အောင် ထူးခြားတဲ့ကာလကို ဖြတ်သန်းနေရစဉ်မှာ သူတို့လေးတွေရဲ့ စိတ်ထွက်ပေါက်ရစရာ၊ သူတို့ ခံစားချက်တွေ ဖော်ထုတ်ခွင့် ရစရာများကို ခွင့်ပြု စီစဉ်ပေးစေလိုပါတယ်။ သူတို့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ရေးမှတ်စေတာမျိုး၊ ဗီဒီယိုရုပ်သံ မှတ်တမ်းထား ထားတာမျိုး အစရှိသည်ဖြင့်ပေါ့။ ဒီလိုလုပ်ထားခြင်းအားဖြင့်  နောင် နှစ်အတန်ကြာချိန်မှာ သူတို့ ပြန် ကြည့်စရာ မှတ်တမ်းမှတ်ရာတစ်ခု ကျန်ခဲ့ပါတယ်။ ဒီကာလအတွင်းမှာ သူတို့တွေမနှစ်မြို့စရာသတင်းများသာ အကြားများနေရပြီး စိတ်မလုံမခြုံ ရှိနေနိုင်တဲ့ အခြေအနေ ဖြစ်နေတဲ့အတွက် သူတို့ ကြုံနေရနိုင်ချေရှိတဲ့ ခံစားချက်ဆိုးတွေကိုလည်း ဖြေလျှော့ပေးရာ ရောက်ပါတယ်။

မိဘများအနေနဲ့ ကလေးများဟာ စိတ်ချလုံခြုံရပြီး သူတို့အတွက် တောက်ပတဲ့အနာဂတ် ရှိကြောင်းကိုလည်း သူတို့ သေချာသိရှိအောင် ကူညီပေးစေချင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များမှာ ပညာဆက်လက် သင်ယူနိုင်စေရေးအတွက် အခုအချိန်မှာ ပညာရေးထူးချွန်အောင် အာရုံစူးစိုက် သင်ယူဖို့၊ IGCSEs နဲ့ A-levels များအတွက် စူးစိုက် ပြင်ဆင်ဖို့ စတာတွေကို ညွှန်ကြားသွန်သင်ပေးပါ။ ပညာရေးကောင်းကောင်းရှိခြင်းအားဖြင့်သာ မြန်မာနိုင်ငံငြိမ်းငြိမ်းချမ်းချမ်းနဲ့ရှေ့ဆက်ပြီး တိုးတက်ဖွံ့ဖြိုးရေးမှာ တဖက်တလမ်းကကူညီနိုင်မှာဖြစ်ပါတယ်။

အခြားသော အစီအစဉ်များ

ကျောင်းသားတွေ နွေရာသီကာလအတွင်း သူတို့ရဲ့ ဘာသာစာပေ ကျွမ်းကျင်မှု၊ သင်္ချာ ကျွမ်းကျင်မှုတွေ ဆက်ပြီး တိုးတက်နေစေဖို့၊ လိုအပ်ချက်ရှိနေရင် ပြည့်မီစေဖို့အတွက် အစီအစဉ်များ ဆက်လက် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့ကျောင်းရဲ့ဆရာတော်တော်များများဟာလည်း လာမဲ့ ဧပြီနဲ့မေလများမှာ မန္တလေးမှာပဲရှိနေကြမှာဖြစ်လို့ဒီအစဉ်များမှာပါဝင်ကူညီပေးနိုင်ကြမှာဖြစ်ပါတယ်။

ပထမ အစီအစဉ် တစ်ခုက Read-a-Thon လို့ ခေါ်တဲ့ စာဖတ်ပြိုင်ပွဲ ဖြစ်ပါတယ်။ သူတို့လေးတွေ စာဖတ်ဖြစ်စေဖို့ တွန်းအားတစ်ခုအနေနဲ့ ၂၀၂၁ တစ်နှစ်ပတ်လုံး မှာ ဆုတွေ လက်မှတ်တွေ ဆက်တိုက် စီစဉ်ပေးသွားပါမယ်။

လိုအပ်ချက်ရှိမယ့် ကလေးများအတွက် သင်္ချာ နဲ့ အင်္ဂလိပ် အခမဲ့ ကျူရှင် သင်တန်းများ online သင်ခန်းစာများ စီစဉ်ပေးသွားပါမယ်။

IGCSE ကျောင်းသားများအတွက် စာမေးပွဲအတွက် ဆက်လက်ပြင်ဆင်ပေးသွားပါမယ်။

လာမည့် ပညာသင်နှစ်

လာမည့် ပညာသင်နှစ်ကို ပုံမှန်ထက် အနည်းငယ် နောက်ကျပြီး ဇွန်လ ၂၈ ရက် ၂၀၂၁ မှာ စ ဖွင့်ပါမယ်။ ဆရာဆရာမအများစုနဲ့ နောက် တစ်နှစ်အတွက်ပါ စာချုပ်ချုပ်ထားပြီး ဖြစ်တဲ့အတွက် သင်ကြားရေးအဖွဲ့မှာ အပြောင်းအလဲ များများစားစား မရှိပါဘူး။ Cambridge သင်ရိုးများအတိုင်း အပြောင်းအလဲ အခက်အခဲ မရှိလှဘဲ အဆင်ပြေပြေ ဆက် သင်ကြားပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ယခုလို ခက်ခဲလှတဲ့ အချိန်အခါမှာ အခြေအနေတွေကိုမထောက်မထား ပြောရာမကျစေချင်ပါ။ တစ်လတာမျှအထိ နောက်ဆုတ်ထားပြီးတဲ့နောက်မှာတော့ ယခုအချိန်မှာ မိဘများကို မဖြစ်မနေ အသိပေးချိန် ရောက်ပြီဖြစ်တဲ့အတွက်ကြောင့် လာမည့် ပညာသင်နှစ်အတွက် ယနေ့ကစလို့ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။ အတန်းအားလုံးအတွက် ကျောင်းလခများကို ယခင်နှစ်ကအတိုင်း မပြောင်းလဲဘဲ မတိုးဘဲ ဆက် ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ မတ်လနှင့် ဧပြီလများအတွင်းမှာ discount များလည်းထားရှိထားပါတယ်။ အသေးစိတ်သိရှိလိုပါက ကျောင်းရုံးခန်းကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လွန်ခဲ့တဲ့ ကိုးလတာ ကာလအတွင်း အကောင်းဆုံးဖြစ်အောင် ပံ့ပိုးကူညီပေးခဲ့ကြခြင်းအတွက် မိဘများအား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ မိဘများဘက်က အမှန်တကယ် ပင်ပင်ပန်းပန်း ပံ့ပိုးကူညီခဲ့ကြတာ ဖြစ်ပြီး လူကြီးမင်းတို့အနေနဲ့ မိမိတို့ ကလေးများအတွက် ဇွဲရှိရှိ မဆုတ်မနစ် ပံ့ပိုးပေးခဲ့ကြခြင်းအပေါ် ကျေးဇူးတင်လို့ မဆုံးပါ။

ဒီ စာသင်နှစ်ကတော့ အလွန်ကို ထူးထူးခြားခြား အခက်အခဲမျိူးစုံ အပြောင်းအလဲမျိုးစုံ ကြုံဆုံကြရတဲ့နှစ်ပါ။ အခြေအနေအရပ်ရပ်ကနေ ဘေးကြပ်နံကြပ် ဖြစ်နေကြရတဲ့အခိုက်မှာတောင်မှပဲ ကောင်းကွက်လေးတွေလည်း အများကြီး ရခဲ့ပါတယ်။  ကျောင်းသားကျောင်းသူတွေတွေ အနေနဲ့သူတို့ဘဝရှေ့ရေးအတွက် လိုအပ်မယ့် အတွေ့အကြုံ စွမ်းရည်သစ်တွေ ရခဲ့ကြပါပြီ။ ကွန်ပြူတာအသုံးချ အလုပ်လုပ်ရမယ့်အနေအထား၊ ဘယ်လိုဘယ်ပုံမျိုးမှာမဆို အမှီအခိုကင်းကင်း မိမိကိုယ်ကိုယ်အားကိုးပြီး မဆုတ်မနစ် ဇွဲသန်သန် အလုပ်လုပ်ရတယ် ဆိုတာတွေ သူတို့ သင်ခန်းစာကောင်း ရခဲ့ကြပါပြီ။  Cambridge ကျောင်းသားများမှာ ရှိအပ်တဲ့ အရည်အသွေးတွေ ဖြစ်တဲ့ မလျှော့တမ်း အားထုတ်ခြင်း၊ ဆန်းသစ်တည်ထွင် ကြံဆခြင်း၊ တာဝန်ယူ တာဝန်ခံတတ်ခြင်း စတာတွေကို လက်တွေ့အသုံးချရင်း ပြဿနာ အခက်အခဲပေါင်းများစွာကိုလည်း အတူတူ ဖြေရှင်းနိုင်ခဲ့ကြပါတယ်။ ဒါက ကျွန်တော်တို့အားလုံးကို ပိုပြီးကြံ့ခိုင်စေပြီး အနာဂတ်မှာ ဘယ်လိုအရာမျိုးအတွက်ကိုမဆို ရင်ဆိုင်ဖို့ပိုမိုအင်အားပြည့်သွားစေတယ်လို့ယုံကြည်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ညိုးငယ်ပင်ပန်းတာတွေရှိသော်လည်း ကျွန်တော်တို့ရဲ့အနာဂတ်အတွက် ကျွန်တော်တို့ရဲ့ကလေးများအတွက် မြန်မာနိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ရာကလေးများအား ကောင်းမွန်သောပညာရေးရရန်တဖက်တလမ်းမှကူညီခြင်းအားဖြင့်လုပ်ဆောင်ရပါမယ်။ အရာအားလုံး ပုံမှန်ပြန်လည်ပတ်ပြီး ကျွန်တော်တို့လုပ်စရာရှိတာတွေကို ဆက်လက်လုပ်ရမဲ့အချိန်ကိုပြန်ရောက်လာတော့မှာပါ။

MISA မိသားစုဝင်များအားလုံး အတူတကွ လက်တွဲပြီး ကျောင်း ဆက်လက်အောင်မြင်စေရေး ကျောင်းသားများ နိုင်ငံတကာပညာရေး စဉ်ဆက်မပြတ် ရရှိစေရေးအတွက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျောင်းအနေနဲ့ မိဘများကို ယုံကြည်အားထားပြီး ကျွန်တော်တို့အားလုံးအနေနဲ့ မြန်မာနိုင်ငံသားတို့အတွက် အဆင့်မီ နိုင်ငံတကာပညာရေးကို အစဉ်အမြဲ ဆက်လက် ပံ့ပိုးပေးသွားကြရမှာဖြစ်ပါတယ်။

 

ရင်းနှီးနွေးထွေးစွာဖြင့်

ကျောင်းအုပ်ကြီး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*