fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

Tips for Parent– student–teacher meeting (မိဘ၊ ဆရာ၊ ကျောင်းသား စုံညီဆွေးနွေးပွဲကို သွားတော့မယ်ဆိုရင်)

Tips for Parent– student–teacher meeting (မိဘ၊ ဆရာ၊ ကျောင်းသား စုံညီဆွေးနွေးပွဲကို သွားတော့မယ်ဆိုရင်)
April 21, 2015 webdev
In Features

Kids and teens do better in school when parents get involved. Attending parent–student–teacher meeting is one way to be involved and help your child succeed.

Parent– student–teacher meeting usually happen once or twice (Schools from BFI education services) a year. A parent–student–teacher meeting is a great opportunity to:
-discuss your child’s progress
-share your child’s strengths and needs
-work with the teacher to help your child do well in school

These tips can help you make the most of those important meetings:
-In the weeks ahead of a meeting, check in with kids about how they’re doing on homework and in each subject.
-Ask if there are questions or issues your child wants you to discuss with the teacher.
-Plan to bring something to take notes with (paper and pen or a laptop or other device).
-Share a few things about your child with the teacher to help the teacher know your child better.
-Write down questions or topics you’d like the meeting to cover (for example: how your child gets along with other students in class and during lunch, recess, phys-ed, and other classes)

ကျောင်းသားကျောင်းသူတွေဟာ မိဘဖြစ်သူက ကျောင်းကိစ္စမှာ တတပ်တအား ပါဝင်တဲ့အခါ ကျောင်းစာကို ပိုပြီး ဖိဖိစီးစီး လုပ်လာလေ့ရှိပါတယ်။ မိဘဖြစ်သူဟာ ကျောင်းသား-မိဘ-ဆရာဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ပေးခြင်းဖြင့် မိမိကလေးရဲ့ လိုအပ်ချက် အားသာချက်တွေကို သိရှိရုံမှမကပဲ မိမိကလေးကို ပိုပြီး ထူးချွန်ထက်မြက်အောင် ကူညီပေးရာလည်း ရောက်ပါတယ်။

ကျောင်းသား-မိဘ-ဆရာဆွေးနွေးပွဲတွေဟာ နှစ်စဉ် နှစ်ကြိမ် သို့ တစ်ကြိမ် ကျင်းပလေ့ရှိကြပါတယ်။ ထိုတွေ့ဆုံပွဲဟာ မိမိကလေးရဲ့ တိုးတက်မှုအခြေအနေ၊ အားသာချက်နှင့် လိုအပ်ချက်များ၊ လက်ရှိထက် ပိုမိုကောင်းမွန်အောင် ဆရာများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စအဝဝ တို့ကို ဆွေးနွေးညှိနှိုင်းသည့် တွေ့ဆုံပွဲ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ကျောင်းသား-မိဘ-ဆရာဆွေးနွေးပွဲ မတိုင်ခင် ကြိုပြင်ဆင်ထားသင့်တဲ့ အချက်များကို ပြောပြရမယ်ဆိုရင်ဖြင့်_

ဆွေးနွေးပွဲမတိုင်ခင် ရက်သတ္တပတ်တွေမှာ မိမိကလေးရဲ့ ဘာသာရပ်အသီးသီးအပေါ် လေ့လာသည့် အခြေအနေကို အကဲခတ်ထားသင့်ပါတယ်။

မိမိကလေးက ဆရာ၊ ဆရာမများကို မေးချင် ပြောချင်တဲ့ မေးခွန်းများကို ကြိုတင်မေးမြန်း ဆွေးနွေးတာမျိုး လုပ်ထားသင့်ပါတယ်။

ဆွေးနွေးပွဲတွင် မှတ်သားစရာများ မှတ်ထားရန် အလို့ငှာ စာအုပ်နှင့် စာရေးကိရိယာများ လိုအပ်ပါမယ်။

ကိုယ့်ကလေးနဲ့ ပတ်သတ်ပြီး ကိုယ်သိထားသမျှ အားသာချက် လိုအပ်ချက်များကို ကြိုတင်မှတ်သားထားပြီး ဆရာနှင့်အတူ ဆွေးနွေးရာတွင် မိမိကလေးကို ပိုနားလည်အောင် ပိုတိုးတက်အောင် ဆွေးနွေးရပါမယ်။

မိမိသိလိုသော အကြောင်းအရာများကို ချမှတ်ထားရပါမယ်။ (ဥပမာ – မိမိကလေးက အတန်းထဲမှာ၊ နေ့လည်စာစားချိန်မှာ၊ အားကစားလုပ်ချိန်မှာ၊ အခြားအချိန်တွေမှာ တခြားကျောင်းသား ကျောင်းသူများနှင့် အဆင်ပြေ လိုက်လျှောညီထွေ ရှိနေရဲ့လား ဆိုတာမျိုး)
စသည်တို့ကို ကြိုပြင်ဆင်နိုင်ပါတယ်။