fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027
Feb 14
February 14, 2021 Akar

Dear parents,

After much careful consideration we have decided to resume classes on Tuesday, February 16, after an extra day’s break for teachers to regroup and prepare mentally in this challenging set of circumstances.

As people have experienced problems with their internet connection, and some have reported not being able to access Google Classroom, we have created a set of alternative Google Meet links to be used in case of difficulties. Also, in case we experience a complete internet blackout, teachers have prepared revision materials, tasks and activities that can be done offline. These will be distributed if needed.

In a crisis situation it is always best for children to keep a sense of routine and normality. Therefore, MISA teachers and staff will continue to do their best for our students and their families, and we thank you for your continued support.

Michael Garton
Head of School
Mandalay International Science Academy

လေးစားရပါသော မိဘများခင်ဗျာ

အခြေအနေအရပ်ရပ်ကို အဘက်ဘက်မှ စဉ်းစားပြီးနောက်တွင် ဖေဖော်ဝါရီလ ၁၆ ရက်၊ အင်္ဂါနေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ယခုလို ခက်ခဲလှသော အခြေအနေအရပ်ရပ်တွင် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ အနေဖြင့် သင်ကြားရေးအတွက် စိတ်ရောကိုယ်ပါ အဆင်သင့်ဖြစ်စေရန် တစ်ရက်တာမျှ အချိန် လိုအပ်နေသေးသည့်အတွက်လည်း ဖြစ်ပါသည်။

အင်တာနက် အသုံးပြု၍မရသူများနှင့် Google Classroom အသုံးပြု၍မရသူများ ရှိနေကြသည့်အတွက် အခက်အခဲကြုံလာပါက ပြောင်းလဲ အသုံးပြုနိုင်ရန် Link များကို အဆင်သင့် ပြင်ဆင်ထားပါသည်။ အကယ်၍ အင်တာနက် လုံးဝပြတ်တောက်သွားပါကလည်း ကလေးများ သင်ခန်းစာများကို ဆက်လက်လေ့လာနိုင်ရန်အတွက် ပြန်လည်သင်ကြားလေ့ကျင့်စေနိုင်မည့် သင်ခန်းစာ များကိုလည်း ဆရာ၊ ဆရာမများဘက်က အဆင်သင့် ပြင်ဆင်ထားပါသည်။ ထိုသင်ခန်းစာများကိုလည်း လိုအပ်သလို ဝေမျှပေးသွားပါမည်။


ယခုလို အခြေအနေတွင် ကလေးများအတွက် ပုံမှန်လုပ်နေကျ အလုပ်များကို လုပ်နေရခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် MISA မှ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအားလုံးသည် ကျောင်းသား၊ ကျောင်းသူများနှင့် သူတို့၏ မိသားစုများအတွက် မိမိတို့တတ်စွမ်းသရွေ့ အကောင်းဆုံး ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

မိဘများ၏ ကူညီပံ့ပိုးမှုအတွက် အထူးပင်ကျေးဇူးတင်ပါသည်။
လေးစားစွာ

Michael Garton
ကျောင်းအုပ်ဆရာကြီး
Mandalay International Science Academy