fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

How Parents Can Help Their Kids With Studying

How Parents Can Help Their Kids With Studying
October 28, 2020 Akar

(unicode)

ကလေးတို့စာကြည့်ရာတွင်မိဘများကူညီနိုင်သည့်နည်းလမ်း

Blake Harvard

 

ချစ်ခင်ရပါသောမိဘများ သို့..

 

ကလေးတွေ စာကြည့်ရာ အထောက်ကူပေးနိုင်တဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

ကိုယ်တိုင် ကလေးသုံးယောက် ဖခင်တစ်ဦးဖြစ်လို့ ဒီကိစ္စက ခက်ခဲမှန်းသိပါတယ်။ 

အထူးသဖြင့် ဘာသာရပ်အကြောင်းအရာတွေ ကောင်းကောင်းမသိရင် ခက်ခဲလှပါတယ်။ 

ဘာသာရပ်ကို သိသိ၊ မသိသိ၊ ဘယ်လို အကူအညီပေးလို့ရတယ်ဆိုတာကို အကြံပေးချင်တာပါ။

 

စာကြည့်ရာမှာ အလေ့ကျင့်ကောင်းတွေရဖို့ဒီအကြေံပေးချက်တွေကို အလေးထားကြဖို့ ကျနော်ရဲ့ ကျောင်းသားတွေကို စာသင်နှစ်အစကတည်းကအကြံပြုပြောဆိုခဲ့ပါတယ်။ ဒါ့ကြောင့်  ခင်ဗျားတို့ရဲ့ ကလေးတွေအတွက်လည်း အထောက်ကူဖြစ်စေမယ်လို့ယုံကြည် မျှော်လင့်ပါတယ်။

 

မှတ်ထားရမယ့် အချက်တွေ

ပြန်အကဲဖြတ်ဖို့လိုပြီ ဆိုတဲ့ အချိန်ကို သိပါစေ။ ကျနော်ရဲ့ စိတ်ပညာတန်းမှာ ကျောင်းသားတွေကို တက်တက်ကြွကြွ  ပါဝင်သင်ယူစေချင်တယ်။ ပြောချင်တာက စာသင်ချိန်မှာပါဝင်ဆွေးနွေးတာ၊မေးခွန်းမေးတာတွေလုပ်စေချင်တယ်။ အတန်းထဲမှာ သင်ယူတာတွေကို သူတို့ရဲ့ တကယ့်ပြင်ပလောကမှာအသုံးချနိုင်တာ ဖြစ်စေချင်တယ်။ အိမ်မှာ စာကြည့်တဲ့အခါလည်း ဒီသဘောမျိုးပဲဖြစ်စေချင်တယ်။စိတ်လေးနေတာကိုဖယ်ပြီး လေ့လာထားတာတွေကို မှတ်မိနေစေဖို့ပါ။ လူကြီးတွေ မှတ်မိနေဖို့မဟုတ်ဘူး။ကိုယ့်ကလေးထက် ကိုယ်က ပိုပြီး လုပ်နေရတယ်ဆိုရင်တော့ ဒါက ပြန်ပြီး အကဲဖြတ်ဖို့၊ညှိယူဖို့ လိုပြီဆိုတဲ့ အချိန်ပါပဲ။

ပြန်ပြန်ဖတ်တယ်ဆိုတာ အမြဲ အလုပ်ဖြစ်တဲ့အရာတော့ မဟုတ်ဘူး။ မှတ်စုတွေ ပြန်ကြည့်တာ အကျိုးရှိနိုင်ပါတယ်။ ဒီစာတစ်ပုဒ်ကိုပဲ ထပ်ပြန်တလဲလဲ ဖတ်နေရပြီဆိုရင်တော့ဖြင့် အချိန်တွေကို ဒီထက်ပိုကောင်းအောင် အသုံးချဖို့ လိုပါလိမ့်မယ်။ ဖတ်နေတဲ့အကြောင်းအရာ ကို သဘောပေါက်ဖို့ စာတစ်ပုဒ်ကို ဘယ်နှစ်ကြိမ်လောက်များ ဖတ်နေခဲ့ပြီးပြီလဲ? တယ်လီဖုံးလို၊ဒါမှမဟုတ် တခြား အာရုံပျက်စေမဲ့အရာတွေ အနားဝန်းကျင်မှာရှိနေရင် ကလေးရဲ့ အာရုံစိုက်နိုင်စွမ်းမှာ အခုလိုမျိုးကြုံတွေ့နိုင်ပါတယ်။

အာရုံလွင့်စရာ နဲလေလေ၊ကောင်းလေ။။ ဒီမူနဲ့ညီအောင် ဆုသေးသေးလေးတွေလည်းချဖို့လုပ်ပါ။ အာရုံမလွင့်ဘဲစာကြည့်နိုင်ရင် နားဖို့အချိန်တိုလေးတွေထားပေးတာမျိုးပေါ့။ ဉာဏ်နဲ့ယှဉ်ပြောရရင်တော့ဘယ်သူမှ အလုပ်စုံကို  တပြိုင် တည်းထိထိရောက်ရောက်မလုပ်နိုင်ဘူးဆိုတာကိုတော့မှတ်ထားစေချင်ပါတယ်။

ကိုယ့်စိတ်ကြိုက်သီချင်းလေးနားထောင်ရင်း ဇာတ်လမ်းလေးကြည့်ရင်း၊ဝင်လာတဲ့ မက်ဆေ့လေးပြန်ဖြေရင်း စာကို အာရုံစိုက်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

 

ဒီအတွက် ဘယ်လို ကူညီပေးနိုင်မလဲ?

ကလေးစာကြည့်ရာမှာ အကူညီပေးနိုင်တဲ့ နည်းလမ်း () သွယ်။

 

(၁) မေးခွန်းမေးပါ။

စာနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းလေးတွေမေးပါ။သဲလွန်စကို နဲနိုင်သမျှနဲနဲ ပဲ ပေးပါ။ ဒီလိုလုပ်တာက  ကလေး-ဘာကိုသိလို့၊ဘာကိုတော့မသိဘူးဆိုတာ ပိုသတိပြုမိလာစေနိုင်ပါတယ်။မှားနေတဲ့ အသိတွေကိုဖယ်ရင်း အမှန်ကို ခန့်မှန်းတတ်လာမယ်။ ခန့်မှန်းတယ်ဆိုတာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။မှားနေတဲ့အသိကလေးဆီမှာဖွံ့ဖြိုးလာမှာကို မိဘအနေနဲ့လက်ခံလိုမှာလည်းမဟုတ်ပါဘူး။အဖြေတစ်ခုကိုဦးတည်တဲ့ ကြောင်းကျိုးပြမေးခွန်းမေးပါ။နောက်တစ်ခုမကူးခင် ကလေးကို အဖြေမှန်အား ထပ်ပြန်တလဲဖြေဆိုပါစေ။

 

(၂) အဟန့်အတားတွေကိုဆွေးနွေးပါ။

ကလေးကို သူလေ့လာနေတဲ့ စာတွေရဲ့ အယူအဆသဘောတရား

 (concepts) တွေကိုချရေးခိုင်းပါ။သူနားလည်းသလို ရှင်းပြခိုင်းပါ။ရှင်းပြတဲ့အခါ မှတ်စုကို သိပ်အားမကိုးပါစေနဲ့။တစ်နေရာရာမှာထစ်နေ၊တန့်နေရင် ၊ ကိုယ်က အရိပ်အမြွက်ဖော်ပေးတာတောင်မရဘူးဆိုရင်သေသေချာချာမရသေးဘူးဆိုတာသေချာတယ်။ဘယ်နားမှာ ခက်နေ၊ရှုပ်နေသလဲဆိုတာသိရအောင် ကလေးကို အေးအေးဆေးဆေးမေးကြည့်ပါ။တခါတရံမှာ သူတို့အတွက် အဟန့်အတားဖြစ်နေတဲ့အရာတွေကို ဆွေးနွေးဖော်ထုတ်လိုက်ရင် အဲ့ဒီနေရာကို ကျော်လွှားပြီး ရှေ့ဆက်လို့ရသွားတတ်ပါတယ်။

ဒီနည်းနဲ့မအောင်မြင်ရင် သူတို့လေ့လာနေတဲ့စာနဲ့ပတ်သက်လို့ သူတို့သိတယ်ထင်သမျှကို ချရေးခိုင်းပါ။

(ကျနော်)ကျမကတော့ ဒီနည်းကို ဦးနှောက်ထဲကစုပုံထုတ်ခြင်း brain dump လို့သုံးတယ်။အတန်းကနေ ထွက်မသွား ခင် ကျောင်းသားတွေကို ဒီလိုချရေးခိုင်းတယ်။အိမ်မှာလည်း လေ့ကျင့်ခန်းတွေကို တတ်နိုင်သမျှ မှတ်မိအောင်လုပ်ခိုင်းပါတယ်။

 

(၃) အခွင့်သင့်တိုင်း မှတ်ဉာဏ်စစ်ဖို့ မေးခွန်းမေးပါ။

 မှတ်မိခြင်းကိုစစ်တဲ့ ကွက်လပ်ဖြည့်ခြင်း၊  တူရာယှဉ်တွဲခြင်း၊ မှားမှန်ရောထွေးအမှန်ရွေးခြင်း စတဲ့ မေးခွန်းသုံးမျိုးကိုမေးပါ။ကျောင်းသားတွေအနေနဲ့ အဖြေမှန်ကို မှတ်မိပြီး  မှတ်ဥာဏ်ဝေါဟာရဘဏ်ကနေ အမှန်ကိုရွေးထုတ်ဖြေရတဲ့ မေးခွန်းမျိုးတွေပေါ့။ ကိုယ့်မှာ ဒီလို မေးခွန်းမျိုးတွေ ရနိုင်ရင် ကလေးတွေရဲ့ပုံနှိပ်စာအုပ်တွေထဲက မေးခွန်းတွေကို ရှောင်လိုက်ပါ။  ဘယ်လိုအရိပ်အမြွက်မှ မသိရတော့ မေးခွန်းတွေက ပိုပြီး စိန်ခေါ်မှုရှိလာတာပေါ့။မှတ်ဉာဏ်နဲ့ဆိုင်တဲ့ မေးခွန်းတွေကို ပြန်မေးတဲ့နည်းကတော့ အဖြေမှန်ပေးမထားမိဖို့ပါပဲ။

ကလေးက ဘာဖြေလို့ဘာပြောရမှန်းမသိဖြစ်နေရင် မေးခွန်းရဲ့အဖြေနဲ့ပတ်သက်တဲ့ အကြောင်းအရာကို

မှတ်မိသလို ပြန်ရှင်းပြခိုင်းပါ။တခြားအရေးပါတဲ့ အသေးစိတ်တွေကို မှတ်မိပြီး အဖြေနားမှာ ဝဲလည်နေတာမျိုးလည်းရှိတတ်ပါတယ်။

အချိန် မလောက်ဘူးလား? အလုပ်များလွန်းတဲ့မိဘတွေကို ကိုယ်ချင်းစာပါတယ်။ ကလေးတွေကို အကူညီမပေးနိုင်တဲ့အခါမျိုးမှာ အာရုံပျက်စေမဲ့ အရာတွေကို အနားမှာမထားဖို့ ကလေးကို သတိ

ပေးပါ။ ကိုယ်တိုင်ဉာဏ်စမ်းမေးခွန်းလေးတွေလုပ်ခိုင်းပါ။စာကြည့်ချိန်ကြာရင် ခဏတဖြုတ် နားချိန်ထားဖို့ လိုတယ်ဆိုတာကိုသတိပေးပါ။

ကျနော်တို့ ဆရာ မိဘ ကျောင်းသားတွေက ဒီအကြံပြုချက်တွေကို ကျင့်သုံးနိုင်လေ၊  ကျောင်းသားတွေ အတွက် ထိရောက် အကျိုးရှိတဲ့ စာကြည့်အလေ့ကျင့်ကောင်းရလေပါပဲ။စာကြည့် အလေ့ကျင့်ကောင်းဆိုတာက  စာပိုလေ့လာနိုင်တာ၊ အမှတ်ကောင်းတာ၊ပိုပြီး အကျိုးရှိအောင်လုပ်နိုင်တာ၊  ပိုပျော်ရွှင်မှုရတာ၊ သင်ယူမှုအတွက် ပိုပြီး စိတ်ပါဝင်စား တက်ကြွလာတာကိုဆိုလိုခြင်းဖြစ်ပါတယ်။

 

(မူရင်းဆောင်းပါး https://www.edutopia.org/article/how-parents-can-help-their-kids-studying  အား ဘာသာပြန်ပါသည်။)

 

(zawgyi)

ကေလးတို႔စာၾကည့္ရာတြင္မိဘမ်ားကူညီနိုင္သည့္နည္းလမ္း

Blake Harvard

ခ်စ္ခင္ရပါေသာမိဘမ်ား သို႔..

 

ကေလးေတြ စာၾကည့္ရာ အေထာက္ကူေပးနိုင္တဲ့အခ်က္ေလးေတြ ေျပာျပေပးခ်င္ပါတယ္။

ကိုယ္တိုင္ ကေလးသုံးေယာက္ ဖခင္တစ္ဦးျဖစ္လို႔ ဒီကိစၥက ခက္ခဲမွန္းသိပါတယ္။

အထူးသျဖင့္ ဘာသာရပ္အေၾကာင္းအရာေတြ ေကာင္းေကာင္းမသိရင္ ခက္ခဲလွပါတယ္။

ဘာသာရပ္ကို သိသိ၊ မသိသိ၊ ဘယ္လို အကူအညီေပးလို႔ရတယ္ဆိုတာကို အႀကံေပးခ်င္တာပါ။

 

စာၾကည့္ရာမွာ အေလ့က်င့္ေကာင္းေတြရဖို႔ဒီအေႀကံေပးခ်က္ေတြကို အေလးထားၾကဖို႔ က်ေနာ္ရဲ့ ေက်ာင္းသားေတြကို စာသင္ႏွစ္အစကတည္းကအႀကံျပဳေျပာဆိုခဲ့ပါတယ္။ ဒါ့ေၾကာင့္  ခင္ဗ်ားတို႔ရဲ့ ကေလးေတြအတြက္လည္း အေထာက္ကူျဖစ္ေစမယ္လို႔ယုံၾကည္ ေမၽွာ္လင့္ပါတယ္။

 

မွတ္ထားရမယ့္ အခ်က္ေတြ

ျပန္အကဲျဖတ္ဖို႔လိုၿပီ ဆိုတဲ့ အခ်ိန္ကို သိပါေစ။ က်ေနာ္ရဲ့ စိတ္ပညာတန္းမွာ ေက်ာင္းသားေတြကို တက္တက္ႂကြႂကြ  ပါဝင္သင္ယူေစခ်င္တယ္။ ေျပာခ်င္တာက စာသင္ခ်ိန္မွာပါဝင္ေဆြးေႏြးတာ၊ေမးခြန္းေမးတာေတြလုပ္ေစခ်င္တယ္။ အတန္းထဲမွာ သင္ယူတာေတြကို သူတို႔ရဲ့ တကယ့္ျပင္ပေလာကမွာအသုံးခ်နိုင္တာ ျဖစ္ေစခ်င္တယ္။ အိမ္မွာ စာၾကည့္တဲ့အခါလည္း ဒီသေဘာမ်ိဳးပဲျဖစ္ေစခ်င္တယ္။စိတ္ေလးေနတာကိုဖယ္ၿပီး ေလ့လာထားတာေတြကို မွတ္မိေနေစဖို႔ပါ။ လူႀကီးေတြ မွတ္မိေနဖို႔မဟုတ္ဘူး။ကိုယ့္ကေလးထက္ ကိုယ္က ပိုၿပီး လုပ္ေနရတယ္ဆိုရင္ေတာ့ ဒါက ျပန္ၿပီး အကဲျဖတ္ဖို႔၊ညႇိယူဖို႔ လိုၿပီဆိုတဲ့ အခ်ိန္ပါပဲ။

ျပန္ျပန္ဖတ္တယ္ဆိုတာ အျမဲ အလုပ္ျဖစ္တဲ့အရာေတာ့ မဟုတ္ဘူး။ မွတ္စုေတြ ျပန္ၾကည့္တာ အက်ိဳးရွိနိုင္ပါတယ္။ ဒီစာတစ္ပုဒ္ကိုပဲ ထပ္ျပန္တလဲလဲ ဖတ္ေနရၿပီဆိုရင္ေတာ့ျဖင့္ အခ်ိန္ေတြကို ဒီထက္ပိုေကာင္းေအာင္ အသုံးခ်ဖို႔ လိုပါလိမ့္မယ္။ ဖတ္ေနတဲ့အေၾကာင္းအရာ ကို သေဘာေပါက္ဖို႔ စာတစ္ပုဒ္ကို ဘယ္ႏွစ္ႀကိမ္ေလာက္မ်ား ဖတ္ေနခဲ့ၿပီးၿပီလဲ? တယ္လီဖုံးလို၊ဒါမွမဟုတ္ တျခား အာ႐ုံပ်က္ေစမဲ့အရာေတြ အနားဝန္းက်င္မွာရွိေနရင္ ကေလးရဲ့ အာ႐ုံစိုက္နိုင္စြမ္းမွာ အခုလိုမ်ိဳးၾကဳံေတြ႕နိုင္ပါတယ္။

အာ႐ုံလြင့္စရာ နဲေလေလ၊ေကာင္းေလ။။ ဒီမူနဲ႔ညီေအာင္ ဆုေသးေသးေလးေတြလည္းခ်ဖို႔လုပ္ပါ။ အာ႐ုံမလြင့္ဘဲစာၾကည့္နိုင္ရင္ နားဖို႔အခ်ိန္တိုေလးေတြထားေပးတာမ်ိဳးေပါ့။ ဉာဏ္နဲ႔ယွဥ္ေျပာရရင္ေတာ့ဘယ္သူမွ အလုပ္စုံကို  တၿပိဳင္ တည္းထိထိေရာက္ေရာက္မလုပ္နိုင္ဘူးဆိုတာကိုေတာ့မွတ္ထားေစခ်င္ပါတယ္။

ကိုယ့္စိတ္ႀကိဳက္သီခ်င္းေလးနားေထာင္ရင္း ဇာတ္လမ္းေလးၾကည့္ရင္း၊ဝင္လာတဲ့ မက္ေဆ့ေလးျပန္ေျဖရင္း စာကို အာ႐ုံစိုက္လုပ္နိုင္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။

 

ဒီအတြက္ ဘယ္လို ကူညီေပးနိုင္မလဲ?

ကေလးစာၾကည့္ရာမွာ အကူညီေပးနိုင္တဲ့ နည္းလမ္း (၃) သြယ္။

 

(၁) ေမးခြန္းေမးပါ။

စာနဲ႔ပတ္သက္တဲ့ ဉာဏ္စမ္းေလးေတြေမးပါ။သဲလြန္စကို နဲနိုင္သမၽွနဲနဲ ပဲ ေပးပါ။ ဒီလိုလုပ္တာက  ကေလး-ဘာကိုသိလို႔၊ဘာကိုေတာ့မသိဘူးဆိုတာ ပိုသတိျပဳမိလာေစနိုင္ပါတယ္။မွားေနတဲ့ အသိေတြကိုဖယ္ရင္း အမွန္ကို ခန္႔မွန္းတတ္လာမယ္။ ခန္႔မွန္းတယ္ဆိုတာ မေကာင္းတဲ့အရာ မဟုတ္ပါဘူး။မွားေနတဲ့အသိကေလးဆီမွာဖြံ့ၿဖိဳးလာမွာကို မိဘအေနနဲ႔လက္ခံလိုမွာလည္းမဟုတ္ပါဘူး။အေျဖတစ္ခုကိုဦးတည္တဲ့ ေၾကာင္းက်ိဳးျပေမးခြန္းေမးပါ။ေနာက္တစ္ခုမကူးခင္ ကေလးကို အေျဖမွန္အား ထပ္ျပန္တလဲေျဖဆိုပါေစ။

 

(၂) အဟန္႔အတားေတြကိုေဆြးေႏြးပါ။

ကေလးကို သူေလ့လာေနတဲ့ စာေတြရဲ့ အယူအဆသေဘာတရား

(concepts) ေတြကိုခ်ေရးခိုင္းပါ။သူနားလည္းသလို ရွင္းျပခိုင္းပါ။ရွင္းျပတဲ့အခါ မွတ္စုကို သိပ္အားမကိုးပါေစနဲ႔။တစ္ေနရာရာမွာထစ္ေန၊တန္႔ေနရင္ ၊ ကိုယ္က အရိပ္အႁမြက္ေဖာ္ေပးတာေတာင္မရဘူးဆိုရင္ေသေသခ်ာခ်ာမရေသးဘူးဆိုတာေသခ်ာတယ္။ဘယ္နားမွာ ခက္ေန၊ရႈပ္ေနသလဲဆိုတာသိရေအာင္ ကေလးကို ေအးေအးေဆးေဆးေမးၾကည့္ပါ။တခါတရံမွာ သူတို႔အတြက္ အဟန္႔အတားျဖစ္ေနတဲ့အရာေတြကို ေဆြးေႏြးေဖာ္ထုတ္လိုက္ရင္ အဲ့ဒီေနရာကို ေက်ာ္လႊားၿပီး ေရွ႕ဆက္လို႔ရသြားတတ္ပါတယ္။

ဒီနည္းနဲ႔မေအာင္ျမင္ရင္ သူတို႔ေလ့လာေနတဲ့စာနဲ႔ပတ္သက္လို႔ သူတို႔သိတယ္ထင္သမၽွကို ခ်ေရးခိုင္းပါ။

(က်ေနာ္)က်မကေတာ့ ဒီနည္းကို ဦးေႏွာက္ထဲကစုပုံထုတ္ျခင္း brain dump လို႔သုံးတယ္။အတန္းကေန ထြက္မသြား ခင္ ေက်ာင္းသားေတြကို ဒီလိုခ်ေရးခိုင္းတယ္။အိမ္မွာလည္း ေလ့က်င့္ခန္းေတြကို တတ္နိုင္သမၽွ မွတ္မိေအာင္လုပ္ခိုင္းပါတယ္။

 

(၃) အခြင့္သင့္တိုင္း မွတ္ဉာဏ္စစ္ဖို႔ ေမးခြန္းေမးပါ။

မွတ္မိျခင္းကိုစစ္တဲ့ ကြက္လပ္ျဖည့္ျခင္း၊  တူရာယွဥ္တြဲျခင္း၊ မွားမွန္ေရာေထြးအမွန္ေရြးျခင္း စတဲ့ ေမးခြန္းသုံးမ်ိဳးကိုေမးပါ။ေက်ာင္းသားေတြအေနနဲ႔ အေျဖမွန္ကို မွတ္မိၿပီး  မွတ္ဥာဏ္ေဝါဟာရဘဏ္ကေန အမွန္ကိုေရြးထုတ္ေျဖရတဲ့ ေမးခြန္းမ်ိဳးေတြေပါ့။ ကိုယ့္မွာ ဒီလို ေမးခြန္းမ်ိဳးေတြ ရနိုင္ရင္ ကေလးေတြရဲ့ပုံႏွိပ္စာအုပ္ေတြထဲက ေမးခြန္းေတြကို ေရွာင္လိုက္ပါ။  ဘယ္လိုအရိပ္အႁမြက္မွ မသိရေတာ့ ေမးခြန္းေတြက ပိုၿပီး စိန္ေခၚမႈရွိလာတာေပါ့။မွတ္ဉာဏ္နဲ႔ဆိုင္တဲ့ ေမးခြန္းေတြကို ျပန္ေမးတဲ့နည္းကေတာ့ အေျဖမွန္ေပးမထားမိဖို႔ပါပဲ။

ကေလးက ဘာေျဖလို႔ဘာေျပာရမွန္းမသိျဖစ္ေနရင္ ေမးခြန္းရဲ့အေျဖနဲ႔ပတ္သက္တဲ့ အေၾကာင္းအရာကို

မွတ္မိသလို ျပန္ရွင္းျပခိုင္းပါ။တျခားအေရးပါတဲ့ အေသးစိတ္ေတြကို မွတ္မိၿပီး အေျဖနားမွာ ဝဲလည္ေနတာမ်ိဳးလည္းရွိတတ္ပါတယ္။

အခ်ိန္ မေလာက္ဘူးလား? အလုပ္မ်ားလြန္းတဲ့မိဘေတြကို ကိုယ္ခ်င္းစာပါတယ္။ ကေလးေတြကို အကူညီမေပးနိုင္တဲ့အခါမ်ိဳးမွာ အာ႐ုံပ်က္ေစမဲ့ အရာေတြကို အနားမွာမထားဖို႔ ကေလးကို သတိ

ေပးပါ။ ကိုယ္တိုင္ဉာဏ္စမ္းေမးခြန္းေလးေတြလုပ္ခိုင္းပါ။စာၾကည့္ခ်ိန္ၾကာရင္ ခဏတျဖဳတ္ နားခ်ိန္ထားဖို႔ လိုတယ္ဆိုတာကိုသတိေပးပါ။

က်ေနာ္တို႔ ဆရာ မိဘ ေက်ာင္းသားေတြက ဒီအႀကံျပဳခ်က္ေတြကို က်င့္သုံးနိုင္ေလ၊  ေက်ာင္းသားေတြ အတြက္ ထိေရာက္ အက်ိဳးရွိတဲ့ စာၾကည့္အေလ့က်င့္ေကာင္းရေလပါပဲ။စာၾကည့္ အေလ့က်င့္ေကာင္းဆိုတာက  စာပိုေလ့လာနိုင္တာ၊ အမွတ္ေကာင္းတာ၊ပိုၿပီး အက်ိဳးရွိေအာင္လုပ္နိုင္တာ၊  ပိုေပ်ာ္ရႊင္မႈရတာ၊ သင္ယူမႈအတြက္ ပိုၿပီး စိတ္ပါဝင္စား တက္ႂကြလာတာကိုဆိုလိုျခင္းျဖစ္ပါတယ္။

 

(မူရင္းေဆာင္းပါး https://www.edutopia.org/article/how-parents-can-help-their-kids-studying  အား ဘာသာျပန္ပါသည္။)