fbpx
No.118 (A,B,D), Block 51 4/3, 58th St (Bet 27th & 28th St), Kan Kauk Qtr, Chan Qye Thar Zan Tsp.
Ph:(02) 4072753, (09) 43060423, (09) 43060027

What’s Lost When We Rush Kids Through Childhood

What’s Lost When We Rush Kids Through Childhood
October 24, 2020 Akar

ကလေးဘဝကို အမြန်ဖြတ်ကျော်စေတဲ့ခါဘာတွေဆုံးရှုံးသွားရလဲ

Emily Kaplan

အောက်တိုဘာ၂၊၂၀၂၀

 

Emily Christakis  ဟာ ယေးလ်-ကလေးသုတေသနစင်တာရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို  ကလေးငယ်ဖြစ်ခြင်းရဲ့ အရေးပါမှု (The impotence of Being Little ) ‘လူကြီးတို့ထံက  ကလေးငယ်တွေ အမှန်တကယ် လိုအပ်နေတဲ့အရာ‘ ဆိုတဲ့ အရောင်းရဆုံးစာရင်းဝင်စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။ 

ကလေးတွေနဲ့ပတ်သက်ရင်ချောက်ကမ်းပါးစွန်း နင်းမိနေတဲ့အန္တရာယ်မျိုးနဲ့ကြုံနေရတဲ့ကာလပဲလို့ Christakas ကဆိုပါတယ်။သူတို့ကိုရောင်းကုန်ပစ္စည်းတွေလို သဘောထားလုပ်ဆောင်တာတွေ တိုးလာလေလေ ကလေးတွေရဲ့ကလေးတို့ရဲ့ ငယ်ဘဝပျောက်ဆုံးမှုအန္တရာယ်နဲ့ ကြုံလာရလေလေပဲလို့ သူမက ဆိုတယ်။ သူတို့အပေါ် မျှော်လင့်ချက်တွေပုံထားမဲ့အစား၊ မိဘတွေနဲ့ဆရာဆရာမတွေက သူတို့ရဲ့မျက်လုံးတွေပေါ်ကာရံထားတဲ့အကာတွေဖယ်ရှားပေးဖို့လုပ်ဆောင်သင့်ကြတယ်လို့ သူမက ဆိုတယ်။

ကလေးတွေရဲ့မျက်ဝန်းထဲကနေမြင်ရမဲ့လောကကြီးကိုကလေးတွေကြည့်သလိုမြင်အောင်ကြည့်ပါ။ ဒီလို အမြင်ပြောင်းလဲမှုကကလေးတွေကိုပိုပြီးနားလည်လာစေမယ်။  ကလေးတို့ရဲ့ သူမတူတဲ့ စွမ်းရည်တွေကို ဖွံ့ဖြိုးလာအောင်ပျိုးထောင်ပေးနိုင်လိမ့်မယ်လို့သူမကဆိုပါတယ်။ ကလေးရဲ့ဝန်းကျင်မှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ယဉ်ကျေးမှုတန်ဖိုးတွေနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ သူမနဲ့မေးမြန်ူခွင့်ကြုံခဲ့ပါတယ်။ 

ငယ်စဉ်ကလေးဘဝအတွက်ကောင်းမွန်တဲ့ပညာရေးပတ်ဝန်းကျင်တစ်ခု ဆိုတာက ဘယ်လိုဝန်းကျင်မျိုးလဲ … ကလေးအရွယ်ရောက်ပြီလို့ဆိုနိုင်တဲ့အထိ ကျမတို့တွေက ဘာတွေကို

ကြံ့ကြံ့ခံ ဆန့်ကျင်ရင်ဆိုင်သွားရမလဲ … ဆိုတာကို သူမနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

အင်တာဗျူးကိုရှည်လွန်းမနေအောင်နဲ့ ပိုပြီးရှင်းလင်းလွယ်ကူအောင် တည်းဖြတ်ထားပါတယ်။

… 

ကလေးသူငယ်ပညာရေးနဲ့ပတ်သက်ပြီး ရှင်ရေးခဲ့တဲ့စာအုပ်ကို The Importance of Being Little ငယ်ရွယ်မှု၏ အရေးပါမှု ဆိုပြီးအမည်းပေးခဲ့တယ်နော် ။ဘာ့ကြောင့်ငယ်ရွယ်ခြင်းက အရေးကြီးရတာပါလဲ? ငယ်ရွယ်သူတို့ရဲ့ ဖွံ့ဖြိုးမှုအဆင့်နဲ့ပတ်သက်လို့ မူဝါဒရေးဆွဲသူတွေ၊ ပညာရေးသမားတွေနဲ့ မိဘတွေကို ဘာတွေများသိစေချင်လို့ပါလဲ?

 

နိုင်ငံအနှံ့ခရီးထွက်တာတွေ၊ စာသင်ကြားခြင်း နဲ့  နောက်ခံအမျိုးမျိုး ပတ်ဝန်းကျင်အသီးသီးက ပညာရေး သမားတွေ မိဘတွေနဲ့ စကားပြောဆိုရာကနေကျမ သိလာရတာကတော့ကလေးတွေကို ငယ်စဥ် ကလေးဘဝကတည်းက ဆုံးရှုံးရတဲ့အန္တရာယ်နဲ့ ကျမတို့ကြုံနေရ ပြီဆိုတာပါပဲ။  ငယ်စဉ်ဘဝဆိုတဲ့ကလေးဘဝတန်ဖိုး၊ ကလေးတွေဖြစ်ချင်တဲ့ဆန္ဒ၊ လိုချင်တဲ့လိုအင် စတာတွေကို အလေးပေးမှု  မရှိကြတော့ဘူး။

နောင်အနာဂတ်မှာ အမြတ်ရဖို့ ကုန်လှောင်ရင်းနှီးသလိုမျိုး ကလေးတွေနဲ့ပတ်သက်ပြီး ပြောဆိုလာတာတွေ ပိုပြီးများလာနေတယ်။ ကလေးတွေအနာဂတ်အတွက် အလွန်အမင်းစိုးရိမ်တယ်လို့ မိဘတွေက ပြောကြတယ်။ ကလေးတွေရဲ့ငယ်ဘဝအတွေ့ကြုံကို သဘာဝမကျတဲ့နည်းမျိုးတွေနဲ့ ပါဝင်စီမံလာကြတယ်။ ဟိုးအရင်တုန်းက ကလေးတွေကြုံရတဲ့ပျ ပျော်ရွှင်မှုမျိုးတောင် ပျော်ရွှင်ခွင့်မရတော့သလိုပါပဲ။ ကလေးတွေကိုဘေးလည်းကင်းစေ၊ စိတ်လည်းဖိစီးစေဆိုတာလိုမျိုး ရှေ့နောက်မညီတဲ့ အတွေးခေါ်မျိုးရှိ နေကြတယ်။ ကလေးအများစု၊  အထူးသဖြင့် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေက ကလေးငယ်တွေဟာ ဘယ်တုန်း ကမှမတူတဲ့ ဘေးကင်းလုံခြုံမှုမျိုး ရကြတယ်။ ကလေသေနူန်း နည်းလာတယ်။ အဟာရချို့တဲ့လို့ဖြစ်ရတဲ့ ရောဂါမျိုးတွေနည်းလာတယ်။  အလုပ်ခိုင်းဖို့ ကျောက်မီးသွေးတွင်းနက်တွေထဲ ဆင်းခိုင်းစရာ မလိုတော့ဘူး။ ကလေးတော်တော်များများမှာ စိတ်ဒဏ်ရာတွေ၊ စိတ်ဖိစီးမှုတွေ၊ ဆင်းရဲမွဲတေမှုတွေ ရှိနေပါတယ်။ 

ယေဘုယျ ပြောရမယ်ဆိုရင်တော့ ကလေးတွေကိုအသက်ဆုံးစေနိုင်လောက်တဲ့ထိဖြစ်စေတဲ့ အရာမျိုးတွေကို ကျမတို့ကျော်လွှားနိုင်ခဲ့ကြပြီးပါပြီ။

ဒါပေမဲ့အခြားတဖက်မှာတော့ ၂၁-ရာစု အမေရိကန် လူ့အဖွဲ့အစည်းက ကလေးငယ်တွေအတွက် စိန်ခေါ်မှု အမြောက်အများကိုလည်း ဖန်တီးနေပြန်ပါတယ်။နည်းပညာက လူငယ်တွေအတွက် မိတ်ဆွေဆိုတာမျိုး အမြဲတစေ ဖြစ်မနေနိုင်ပါဘူး။  သစ်အသစ်သော စိတ်ဖိစီးရမှုတွေကိုလည်း ဖြစ်စေပါတယ်။ မူကြိုကျောင်းတွေမှာ အမှန်တကယ်ပြန့်နှံ့နေတဲ့ ဖယ်ကျဉ်ခံရမှုတွေရှိနေတယ်။ဥပမာ – (ဒါက အသားရောင်ရှိကလေးတွေ နဲ့ ယောက်ကျားလေးငယ်တွေကြားပိုပြီးသိသာတယ်) စိတ်ကျန်းမာရေးပြသနားရှိတဲ့ကလေးတွေ၊ အမူအကျင့်ပိုင်းဆိုင်ရာ ပြသနာရှိတဲ့ ကလေးတွေတိုးလာနေတာပါ။ 

“ကလေးဖြစ်ခြင်း” ဆိုတဲ့အချက်က တကယ့်ကို အရေးပါတာပါ။လူတွေရဲ့ရုပ်ခန္ဓာမှာ ငယ်ဘဝ  အမှတ်လက္ခဏာတွေကို တွေ့မြင်ကြရတာကြောင့်ပါ။ ကစားရင်း သင်ယူခွင့်ရခဲ့ရင် ၊ တစ်ဦးနဲ့တစ်ဦး 

နှစ်နှစ်ကာကာ ဆက်ဆံခွင့်တွေ ရခဲ့ကြရင် သူတို့ရဲ့ဘဝသက်တမ်းတွေက ပိုရှည်ကြာသလို၊  လူမှုစီးပွါးစွမ်းဆောင်ရည်တွေလည်း ပိုကောင်းလာကြလိမ့်မယ်။ သူတို့ရဲ့ဖွံ့ဖြိုးနေဆဲဦးနှောက်တွေက  သဘာဝကျကျ ဖွံ့ဖြိုးခွင့်ရ၊ ဘာသာစကားတွေကြွယ်ဝစွာနဲ့ အလျင်လိုမနေတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခွင့်ရမယ် ဆိုရင်ပေါ့လေ။ ဟိုအရင်တုံးကထက်ပိုရှင်း လာတဲ့အချက်ကတော့ ကလေးဆိုတာ 

လူကြီးတစ်ပိုင်း ပေါက်စလေးတွေမဟုတ်ဘူးဆိုတာပါပဲ။

မှန်ပါတယ်ရှင့်။ဒါနဲ့ ရှင့်ရဲ့စာအုပ်မှာ Adultification လူကြီးသတ်မှတ်ခြင်းဆိုတဲ့ ဝေါဟာရကို သုံးခဲ့တယ်နော်။ ဒါကိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမလဲရှင့်။ ပြီးတော့  ကလေးဘဝနဲ့ ပတ်သက်တဲ့ ကျမတို့ရဲ့အမြင်အပေါ် ဒါက ဘယ်လို သက်ရောက်မှုမျိုးရှိစေမလဲ?

 

Adultification ဆိုတာက ကလေးတစ်ယောက်အမြင်မျိုးနဲ့လောကကိုမကြည့်မြင်နိုင်တော့ကိုဆိုလို တာပါ။ တခါတရံ ဆရာဆရာမတွေကို ကျမပြောတယ်။ ကြမ်းပြင်ပေါ်ထိုင်ချပြီး ၄-နှစ်သားကလေး မြင်ရတဲ့ အမြင့်ကနေ ပါတ်ဝန်းကျင်ကို ကြည့်ကြည့်စမ်းပါလို့။ ဒါမှမဟုတ်လည်း ကလေးတွေဝတ်တဲ့ နှင်းကာဝတ်ပြီး၊ ကလေးတစ်ယောက်ရဲ့ ခြေလက်လှုပ်ရှားနိုင်စွမ်းကို စမ်းကြည့်ကြစမ်းပါလို့။ ဒါက လူကြီးတစ်ယောက်အနေနဲ့  ကလေးတွေရဲ့ အချိန်ဇယားတွေစီမံမှု၊ ကလေးတွေအပေါ်ထားတဲ့ မျှော်လင့်ချက်၊ လူကြီးနူန်းနဲ့ ကလေးတွေပေါ် စဉ်းစားမှုတွေကို အမြင်ပွင့်စေမယ့် နည်းများစွာထဲက တစ်နည်းပါပဲ။ အရင်ခေတ်ကလေးတွေထက် အတန်းထဲမှာ အချိန်အကြာကြီးပိုနေရ အိပ်စက်ချိန်တွေပို နည်းကုန်ရတာ ဘာအတွက်လဲ? ကလေးတွေရဲ့ဖွံ့ဖြိုးဆဲ ဦးနှောက်တွေ က လူကြီးတွေရဲ့ အစီစဉ် ဇယားတွေ၊ လူကြီးစံနူန်းတွေအတိုင်း လိုက်နိုင်ဖို့ ပုံစံထုတ်ထားတာ မဟုတ်ဘူးဆိုတာကိုတော့ မိဘတွေရော၊ ပညာရေးသမားတွေပါ လက်ခံသဘောတူနိုင်ကြလိမ့်မယ်လို့ ကျမထင်ပါတယ်။

 ဒါကပြသနာတစ်ရပ်ပဲလို့တော့ အခြေခံအားဖြင့်သိကြတယ်။ ဒါပေမဲ့ ဒီလိုသံသရာလည်နေတာကိုတော့

ရပ်တန့်ပစ်ဖို့ခက်နေကြတယ်။ နောက်ကိုခြေတစ်လှမ်းပြန်ဆုတ်ပြီး ကလေးတွေရဲ့အမြင်နဲ့ လောကကြီးကို ကျမတို့ကြည့်ဖို့လိုပြီ။လူကြီးတစ်ယောက်ရဲ့မျက်လုံးနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ကျမတို့ကြည့်တယ်။ စဉ်းစားကြည့်ပါ။ ရွှံ့ပုံးထဲကို တစ်နာရီလောက်ထိုင် တူးနေတဲ့အပေါ် ဘယ်လိုသင်ယူမှုမျိုးကိုမှ ကျမတို့အနေနဲ့မြင်နိုင်စရာမရှိဘူး။ ဒီတော့ သင်္ချာ လေ့ကျင့်ခန်း လုပ်ရမယ့်အချိန်ရောက်ပြီ ဆိုပြီးကြိမ်တို့နှင်လွှတ်တယ်။ 

အပြင်ထွက်ကစားရတဲ့ ကစားချိန်က နည်းလိုက်တာဆိုပြီး စိတ်ပျက် စိတ်ကုန်စေတယ်။  ကလေးအများစု သူတို့ငယ်ဘဝမှာရခဲ့ကြတဲ့ ကြွက်သားတွေ သန်စွမ်းစေတဲ့ကစားနည်းတွေလေ။ ဒီလိုမျိုး လူကြီးလိုသဘောထားသတ်မှတ်တာတွေ က ကလေးတွေကို ပိုဖြစ်ထွန်းစေလိုတဲ့ ရည်ရွယ်ချက်က လာတာ။  ကလေးတွေ လုပ်နိုင်တယ်ဆိုတာကို  လေးလေးနက်နက် မယုံကြည်ရာကနေဖြစ်လာတာပါ။

အရည်သွေးမြင့် ကလေးသူငယ်ပညာရေး ဆိုတာဘယ်လိုမျိုးပါလဲ? အကောင်းဆုံး သင်ခန်းစာတွေကို

လေ့ကျင့်သင်ကြားပေးနေတဲ့ မူကြိုကျောင်းတစ်ခုထဲကို လမ်းလျှောက်ဝင်သွားခဲ့ရင် ဘာတွေမြင်လို့

ဘာတွေကြားရမယ်လို့ ထင်ပါသလဲ? အရည်သွေးရှိ ပညာရေး ဆိုတာက ဆက်ဆံရေးတွေပါပဲ။ ကလေးဖွံဖြိုးရေးနဲ့ပတ်သက်လို့ နားလည်တဲ့ ၊သိတဲ့၊ ကလေးတွေကို စောင့်ရှောက်တဲ့၊ မိမိတို့ထိန်းသိမ်း စောင့်ရှောက်မှုနဲ့ ကလေးတွေကို တစ်သားတည်းဖြစ်လာစေတဲ့ ဆရာဆရာမတွေဟာ  ကျမတို့ ဒီနေ့ခေတ်ရဲ့ပညာရေး အရည် အသွေးကို တိုင်းတာနေတဲ့ အတိုင်းအတာ များစွာထက်ကို ပိုပြီးအရေးကြီးပါတယ်။ အတန်းအရွယ်အစားတို့၊ ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်တို့၊ အထူးရေးဆွဲ

ထားတဲ့ သင်ရိုးတို့ ဆိုတာတွေထက်ကို အများကြီးပိုပြီးအရေးပါ ပါတယ်။ 

လွတ်လွတ်လပ်လပ်နဲ့ စကားတွေအများကြီးအပြန်အလှန်ပြောဆိုတာမျိုးက အလွန်အရေးကြီးတယ်။ 

တစ်နေ့တာမှာ နွေးထွေး ခံစားပေးတတ်တဲ့ စကားပြောတာမျိုးကို ကလေးတွေ တွေ့ကြုံရဖို့လိုတယ်။

အချင်းချင်းလည်း စနောက် ကြည်ဆယ်ရင်း စကားပြောချိန်ရှိဖို့လိုတယ်။ လူကြီးတွေနဲ့ တောင်စဉ်ရေမရစကားတွေ ပြောကြဖို့အချိန်လည်းရှိဖို့လိုတယ်။စာကောင်းပေမွန်တွေကို နားထောင်စေရင်း အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတွေလည်းမေးတတ်ကြရမယ်။ 

သုတေသနအရတော့ အရည်ချင်းရှိတဲ့ ကလေးစောင့်ရှောက်သူဆိုတာ ကလေးဖွံ့ဖြိုးမှု (၃-နှစ်အရွယ်ကလေးက ဘယ်လို) အပြင် နှီးနွယ်နေတဲ့ အခြားဖွံ့ဖြိုးမှု အတိုင်းအတာတွေကိုလည်း သိရလိမ့်မယ်။ ဒါ့အပြင် ကလေး တစ်ဦးချင်း (ကိုယ့်ကလေးကဘယ်လိုဆိုတာ) ကိုလည်းသိကြရမယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အသေအချာမှတ်ထားရမှာ ကတော့ စနစ်တကျ ရည်ရွယ်ချက်ရှိရှိ သင်ပေးတဲ့သင်ကြားရေးဆိုတာ ပွဲခင်းထဲမှာ ကလေးတိုင်း ပြေးချင်သလို ပြေးလို့ရတာမျိုးနဲ့တော့ ဆန့်ကျင်ဘက်ဆိုတာကိုပါပဲ။ 

အရည်အသွေးရှိတဲ့ မူကြိုဆရာ ဆိုတာ သူလုပ်သမျှတိုင်းမှာ ရည်ရွယ်ချက်ရှိရတယ်။ အတန်းအစီအစဉ်ဇယား၊ နေ့စဉ်လုပ်ငန်း၊ အတန်းတွင်းမှာရှိတဲ့ပစ္စည်းတွေ၊ ကလေးတွေ စူးစမ်းရှာဖွေဖို့ ၊ ကျွမ်းကျင်အောင်ကိုင်တွယ်ဖို့ထားတဲ့ ပစ္စည်းပစ္စယအဆုံး အားလုံးသူ့ရည်ရွယ်ချက်နဲ့သူရှိရမယ်။  

ဒီလိုဆရာဆရာမမျိုးတွေက လေ့လာစောင့်ကြည့်တာ၊ ပြန်လှန်သုံးသပ်တာ စတာတွေ အတွက်အချိန်ကို သူမတူအောင် အသုံးပြုကြသူတွေဖြစ်တယ်။  ဘာမှမရှိပဲနဲ့တော့ ဘာကိုသွားစောင့်ကြည့်မလဲ။ အကောင်းဆုံး မူကြိုကျောင်းဆိုတာ တာဝန်သိမှု၊ စူးစမ်းလေ့လာမှု တွေကို အခြေခံတဲ့ ပျိုးထောင်မှုမျိုးရှိတဲ့ကျောင်းပါပဲ။ ဒီလိုသဘာဝရှိမှလည်း အတူတူ စူးစမ်းလေ့လာ နိုင်မယ်၊ ကလေးတွေရဲ့စူးစမ်းစပ်စုလိုတဲ့ စိတ်နေသဘာဝ အသုံးချပြီး မိမိတို့ရဲ့သင်ယူမှု ပါတ်ဝန်းကျင်ကို ပိုပြီး ကောင်းအောင် ပြုပြင်သွားနိုင်မှာပေါ့။ 

ဒါကစိတ်ဒါဏ်ရာရှိတဲ့ကလေးတွေ၊ သူများနဲ့မတူတဲ့ ငယ်ဘဝ ခါးသီးအတွေ့ကြုံရှိတဲ့ ကလေး အများစုအတွက် လုံးဝအမှန်တရားပါပဲ။ညကဘာမှ မစားခဲ့ရဘဲ အိပ်ယာဝင်ခဲ့ရပြီး  အိပ်ယာနိုး တံခါးဝဆီ ထသွားတဲ့ကလေး၊ ဒါမှမဟုတ်- ကောင်းကောင်းမွန်မွန်စောင့်ရှောက်ခံရ၊ ကိုယ့်ကို လက်ခံတဲ့ညီအစ်ကိုမောင်နှမ၊ အဖိုး၊ အဖွားစသည်ရှိတဲ့ ကလေးဆိုပါစို့ … အရည်သွေးရှိ မူကြိုကျောင်း စာသင်ခန်းမှာ  အတွေ့ကြုံတွေအခြေခံတဲ့ဆောင်ရွက်မှုမျိုးတွေရှိမယ်။  အသိဉာဏ်နဲ့ စိတ်လှုပ်ရှား ခံစားမှုတွေဖွံ့ဖြိုးစေမဲ့နည်း လမ်းရှိမယ်။ ဒီလို ပါတ်ဝန်းကျင်မျိုးမှာ ပညာပေးသူတွေက ကလေးအားလုံး အပြည့်အဝ သင်ယူနိုင်စွမ်းရှိတယ်ဆိုတဲ့စမှတ်ကနေ စကြရလိမ့်မယ်။ ပြီးရင် ကျောင်း ၊ဒါမှမဟုတ် ပြည်နယ်အာဏာပိုင်တွေ ပြောကြတဲ့ သင်ယူမှုဆိုတာတွေမျိုးတွေကိုလည်း ငြင်းပယ်ရလိမ့်မယ်။

ကစားခြင်းရဲ့ အရေးပါပုံ အကြောင်း ရှင်ကတော်တော်များများရေးထားတယ်။  ဒီတော့ ကစားခြင်းဆိုတာကို ရှင်ကဘယ်လိုများအဓိပ္ပါယ်ဖွင့်ပါသလဲ။ပြီ းတော့ ကစားခြင်းက ဘာ့ကြောင့်ဒီလောက်အရေးကြီးရပါသလဲ?

ကစားတာက နို့တိုက်သတ္တဝါတွေမှာ ဖွံဖြိုးမှု အတွက်လိုအပ်တဲ့အလုပ်ပါပဲ။ ဒီလိုကစားလိုစိတ်က

 ချိုးနှိမ်လို့မရအောင်ကို အရိုးအသားထဲစွဲနေတဲ့ လှုံ့ဆော်ချက်ပဲ။ အရေးကြီးတာက ကစားချင်တဲ့ စိတ်ကတစ်ခု၊ ကစားနည်းသိတာက တခြားဖြစ်တယ်။၊ အမြဲသဘာဝကျနေဖို့ လိုတာမျိုး မဟုတ်ဘူး။ သေသေချာချာစနစ်တကျပျိုးထောင်ပေးဖို့လိုတယ်။ ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတွေက လူ့အဖွဲ့အစည်းတွေမှာ ပိုပြီး တလွဲကျတဲ့ ကစားနည်းတွေ များနေတာ တွေ့ရတယ်။ ကလေးတွေက သက်ရွယ်မျိုးစုံအုပ်စုတွေနဲ့ မကစားကြဘူး။ အသက်ရွယ်စုံအုပ်စုမှာဆိုရင် အငယ်တွေက အကြီးတွေထံနေ သင်ယူလို့ရတယ်။ အကြီးတွေကလည်း ငယ်သူအပေါ် သနားတာ၊ညှာတာ တာတွေကို သင်ယူခွင့်ရမယ်။ ကလေးတွေ ဆူညံပတ် ပြေးနေတဲ့ အချိန်မျိုးနဲသွားပြီး ကိုယ့်ကစားပွဲစည်းကမ်း ကိုယ်ချတတ်လာမယ်။ ထိထိရောက်ရောက် ကစားနိုင်ဖို့ရာအတွက် နေရာနဲ့ အချိန်လိုတယ်။

ပြီးတော့ ကစားတာကို တန်ဖိုးထားတဲ့ယဉ်ကျေးမှုမျိုးလည်းရှိဖို့လိုတယ်။ 

ဒီလို ကလေးသဘာဝ ယဉ်ကျေးမှုတွေ သိပ်မတွေ့ရတော့ဘူး။ “ကဲဟေ့။ကတ်ထူပြားတွေနဲ့ ခံတပ်တစ်ခုသွားလုပ်ကြ” လို့ ကလေးတွေကို ချက်ခြင်း ခိုင်းလိုက်တယ် ဆိုပါစို့။ စနစ်တကျ စီမံထားတဲ့အချိန်မရှိ၊ လိုချင်တဲ့ပစ္စည်း ရှာလို့ရနိုင်မယ့် နေရာမရှိ၊ စားချိန်လွတ်စီမံတာမရှိဆိုရင် စိတ်တိုနေမယ့် စိတ်ပါလက်ပါမရှိတဲ့ကလေးပဲ တွေ့ရဖို့ပိုဖြစ်နိုင်လိမ့်မယ်။

….

ကျမတို့က မူကြိုလို့သုံးနူန်းခေါ်ဝေါ်နေတဲ့စကားလုံးမှာ ကလေးသူငယ်သင်ရိုးဆိုတာမျိုး အစစ်အမှန်ပါဝင်နေစရာမလိုဘူးလို့ ရှင်ကပြောခဲ့တယ်။ကျောင်းမှာလည်း ဒီလိုမျိုးရှိနေဖို့မလိုဘူးလို့ပြောတယ်။

ဘာ့ကြောင့်ဆိုတာရှင်းပြပေးပါလား။

ပန်းပွင့်ပေါ် လိပ်ပြာနားတာကို ကြည့်ပြီး အံ့ဩနေတဲ့ ကလေးတစ်ယောက်ရဲ့မျက်နှာပေါ်က အံ့အားသင့်မှုကိုတွေ့မြင်တဲ့ဘယ်သူမဆိုဟာ သင်ယူမှုဆိုတာ စာသင်ခန်းထဲမှာပဲ ရှိတာ မဟုတ်ဘူး ဆိုတာကို နားလည် သဘောပေါက်လိမ့်မယ်။  ကလေးတစ်ယောက်က ဘယ်လိုနေရာ အနေအထားမှာ မဆို သင်ယူနိုင်စွမ်းက ရိုးတွင်းချဉ်ဆီထဲကကို ရှိနေတယ်၊ ပါလာတယ် ဆိုတာကတော့ သတင်းကောင်းပဲ။ တာဝန်ယူတတ်တဲ့ လူကြီးတစ်ယောက်ယောက်ရဲ့  ချစ်ခင်စိတ်နဲ့ အတူ ဖေးမကူညီမှုရှိခဲ့ရင်  မူကြိုကျောင်းကခေါင်းလောင်းသံ၊ ခရာသံတွေမပါလည်း  ကလေးတွေ သင်ယူနိုင်စွမ်းရှိကြပါတယ်။ ဒီတော့ သင်ယူမှု အများစုက သိပ္ပံပညာရှင်တွေ ပြောကြသလို လူကြီးနဲ့ ကလေးငယ်အကြား အပြန်အလှန် အပေး အယူ ဆက်ဆံရေးကနေ သဘာဝအတိုင်း ရရှိလာကြတာဖြစ်တယ်။ တချို့ကတော့လည်း စကားပြောတဲ့ စုံတွဲ ဆိုပြီးသုံးလေ့ရှိတယ်။ ကလေးတွေနဲ့ နေ့စဉ်ဆက်ဆံရေးမှာ ဒီနည်းလမ်းကိုအသုံးချဖို့ မိဘတွေနဲ့ ပညာရေးသမားတွေကို လမ်းညွှန်လေ့ကျင့်ပေးခြင်းအားဖြင့် ဆင်းရဲချမ်းသာကွာဟလို့ ဝင်ငွေနည်း မိသားစုက ကလေးတွေရဲ့ ပညာရေး အလှမ်းမမီမှု ကွာဟချက်ကို ဖယ်ရှားပေးနိုင်တဲ့ သက်သေအထောက်အထားအ များကြီး ကျမတို့မှာရှိပါတယ်။ ပန်းသီးကဘာရောင်လဲ”။ “ ဘာပုံဆွဲနေတာလဲ” စတဲ့ စစ်မေးခြင်းဆန်တဲ့ မေးခွန်းမျိုးမဟုတ်ဘဲ၊ “ဆွဲထားတဲ့ပုံလေးအကြောင်း ဆရာမကို ပြောပြပါလား” ဆိုတဲ့ ပြောလိုရာပြောလို့ရတဲ့မေးခွန်းမျိုးတွေမေးဖို့ ဆရာဆရာမတွေကို ကျမလမ်းညွှန်ပေးလေ့ရှိတယ်။ ဒီလို ပြောချင်ရာ တုန့်ပြန်ပြောနိုင်ခြင်းက နက်ရှိုင်းတဲ့သင်ယူမှု နဲ့ ချက်ခြင်း သင်ယူမှုအတွက် ဧရာမ ကွင်းကြီးတစ်ခုကို အမှန်တကယ် ဖွင့်ပေးလိုက်တာပါပဲ။

 

(မူရင်းဆောင်းပါး https://www.edutopia.org/article/whats-lost-when-we-rush-kids-through-childhood အား ဘာသာပြန်ပါသည်။)

 

ကေလးဘဝကို အျမန္ျဖတ္ေက်ာ္ေစတဲ့ခါဘာေတြဆုံးရႈံးသြားရလဲ

Emily Kaplan

ေအာက္တိုဘာ၂၊၂၀၂၀

 

Emily Christakis  ဟာ ေယးလ္-ကေလးသုေတသနစင္တာရဲ့ အဖြဲ႕ဝင္တစ္ဦးျဖစ္သလို  ကေလးငယ္ျဖစ္ျခင္းရဲ့ အေရးပါမႈ (The impotence of Being Little ) ‘လူႀကီးတို႔ထံက  ကေလးငယ္ေတြ အမွန္တကယ္ လိုအပ္ေနတဲ့အရာ‘ ဆိုတဲ့ အေရာင္းရဆုံးစာရင္းဝင္စာအုပ္ကို ေရးသားခဲ့သူလည္း ျဖစ္ပါတယ္။

ကေလးေတြနဲ႔ပတ္သက္ရင္ေခ်ာက္ကမ္းပါးစြန္း နင္းမိေနတဲ့အႏၲရာယ္မ်ိဳးနဲ႔ၾကဳံေနရတဲ့ကာလပဲလို႔ Christakas ကဆိုပါတယ္။သူတို႔ကိုေရာင္းကုန္ပစၥည္းေတြလို သေဘာထားလုပ္ေဆာင္တာေတြ တိုးလာေလေလ ကေလးေတြရဲ့ကေလးတို႔ရဲ့ ငယ္ဘဝေပ်ာက္ဆုံးမႈအႏၲရာယ္နဲ႔ ၾကဳံလာရေလေလပဲလို႔ သူမက ဆိုတယ္။ သူတို႔အေပၚ ေမၽွာ္လင့္ခ်က္ေတြပုံထားမဲ့အစား၊ မိဘေတြနဲ႔ဆရာဆရာမေတြက သူတို႔ရဲ့မ်က္လုံးေတြေပၚကာရံထားတဲ့အကာေတြဖယ္ရွားေပးဖို႔လုပ္ေဆာင္သင့္ၾကတယ္လို႔ သူမက ဆိုတယ္။

ကေလးေတြရဲ့မ်က္ဝန္းထဲကေနျမင္ရမဲ့ေလာကႀကီးကိုကေလးေတြၾကည့္သလိုျမင္ေအာင္ၾကည့္ပါ။ ဒီလို အျမင္ေျပာင္းလဲမႈကကေလးေတြကိုပိုၿပီးနားလည္လာေစမယ္။  ကေလးတို႔ရဲ့ သူမတူတဲ့ စြမ္းရည္ေတြကို ဖြံ့ၿဖိဳးလာေအာင္ပ်ိဳးေထာင္ေပးနိုင္လိမ့္မယ္လို႔သူမကဆိုပါတယ္။ ကေလးရဲ့ဝန္းက်င္မွာ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ယဥ္ေက်းမႈတန္ဖိုးေတြနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ကပဲ သူမနဲ႔ေမးျမန္ူခြင့္ၾကဳံခဲ့ပါတယ္။

ငယ္စဥ္ကေလးဘဝအတြက္ေကာင္းမြန္တဲ့ပညာေရးပတ္ဝန္းက်င္တစ္ခု ဆိုတာက ဘယ္လိုဝန္းက်င္မ်ိဳးလဲ … ကေလးအရြယ္ေရာက္ၿပီလို႔ဆိုနိုင္တဲ့အထိ က်မတို႔ေတြက ဘာေတြကို

ႀကံ့ႀကံ့ခံ ဆန္႔က်င္ရင္ဆိုင္သြားရမလဲ … ဆိုတာကို သူမနဲ႔ ေတြ႕ဆုံေမးျမန္းခဲ့ပါတယ္။

အင္တာဗ်ဴးကိုရွည္လြန္းမေနေအာင္နဲ႔ ပိုၿပီးရွင္းလင္းလြယ္ကူေအာင္ တည္းျဖတ္ထားပါတယ္။

ကေလးသူငယ္ပညာေရးနဲ႔ပတ္သက္ၿပီး ရွင္ေရးခဲ့တဲ့စာအုပ္ကို The Importance of Being Little ငယ္ရြယ္မႈ၏ အေရးပါမႈ ဆိုၿပီးအမည္းေပးခဲ့တယ္ေနာ္ ။ဘာ့ေၾကာင့္ငယ္ရြယ္ျခင္းက အေရးႀကီးရတာပါလဲ? ငယ္ရြယ္သူတို႔ရဲ့ ဖြံ့ၿဖိဳးမႈအဆင့္နဲ႔ပတ္သက္လို႔ မူဝါဒေရးဆြဲသူေတြ၊ ပညာေရးသမားေတြနဲ႔ မိဘေတြကို ဘာေတြမ်ားသိေစခ်င္လို႔ပါလဲ?

 

နိုင္ငံအႏွံ့ခရီးထြက္တာေတြ၊ စာသင္ၾကားျခင္း နဲ႔  ေနာက္ခံအမ်ိဳးမ်ိဳး ပတ္ဝန္းက်င္အသီးသီးက ပညာေရး သမားေတြ မိဘေတြနဲ႔ စကားေျပာဆိုရာကေနက်မ သိလာရတာကေတာ့ကေလးေတြကို ငယ္စဥ္ ကေလးဘဝကတည္းက ဆုံးရႈံးရတဲ့အႏၲရာယ္နဲ႔ က်မတို႔ၾကဳံေနရ ၿပီဆိုတာပါပဲ။  ငယ္စဥ္ဘဝဆိုတဲ့ကေလးဘဝတန္ဖိုး၊ ကေလးေတြျဖစ္ခ်င္တဲ့ဆႏၵ၊ လိုခ်င္တဲ့လိုအင္ စတာေတြကို အေလးေပးမႈ  မရွိၾကေတာ့ဘူး။

ေနာင္အနာဂတ္မွာ အျမတ္ရဖို႔ ကုန္ေလွာင္ရင္းႏွီးသလိုမ်ိဳး ကေလးေတြနဲ႔ပတ္သက္ၿပီး ေျပာဆိုလာတာေတြ ပိုၿပီးမ်ားလာေနတယ္။ ကေလးေတြအနာဂတ္အတြက္ အလြန္အမင္းစိုးရိမ္တယ္လို႔ မိဘေတြက ေျပာၾကတယ္။ ကေလးေတြရဲ့ငယ္ဘဝအေတြ႕ၾကဳံကို သဘာဝမက်တဲ့နည္းမ်ိဳးေတြနဲ႔ ပါဝင္စီမံလာၾကတယ္။ ဟိုးအရင္တုန္းက ကေလးေတြၾကဳံရတဲ့ပ် ေပ်ာ္ရႊင္မႈမ်ိဳးေတာင္ ေပ်ာ္ရႊင္ခြင့္မရေတာ့သလိုပါပဲ။ ကေလးေတြကိုေဘးလည္းကင္းေစ၊ စိတ္လည္းဖိစီးေစဆိုတာလိုမ်ိဳး ေရွ႕ေနာက္မညီတဲ့ အေတြးေခၚမ်ိဳးရွိ ေနၾကတယ္။ ကေလးအမ်ားစု၊  အထူးသျဖင့္ စက္မႈဖြံ့ၿဖိဳးတဲ့နိုင္ငံေတြက ကေလးငယ္ေတြဟာ ဘယ္တုန္း ကမွမတူတဲ့ ေဘးကင္းလုံျခဳံမႈမ်ိဳး ရၾကတယ္။ ကေလေသႏူန္း နည္းလာတယ္။ အဟာရခ်ိဳ႕တဲ့လို႔ျဖစ္ရတဲ့ ေရာဂါမ်ိဳးေတြနည္းလာတယ္။  အလုပ္ခိုင္းဖို႔ ေက်ာက္မီးေသြးတြင္းနက္ေတြထဲ ဆင္းခိုင္းစရာ မလိုေတာ့ဘူး။ ကေလးေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဒဏ္ရာေတြ၊ စိတ္ဖိစီးမႈေတြ၊ ဆင္းရဲမြဲေတမႈေတြ ရွိေနပါတယ္။

ေယဘုယ် ေျပာရမယ္ဆိုရင္ေတာ့ ကေလးေတြကိုအသက္ဆုံးေစနိုင္ေလာက္တဲ့ထိျဖစ္ေစတဲ့ အရာမ်ိဳးေတြကို က်မတို႔ေက်ာ္လႊားနိုင္ခဲ့ၾကၿပီးပါၿပီ။

ဒါေပမဲ့အျခားတဖက္မွာေတာ့ ၂၁-ရာစု အေမရိကန္ လူ႔အဖြဲ႕အစည္းက ကေလးငယ္ေတြအတြက္ စိန္ေခၚမႈ အေျမာက္အမ်ားကိုလည္း ဖန္တီးေနျပန္ပါတယ္။နည္းပညာက လူငယ္ေတြအတြက္ မိတ္ေဆြဆိုတာမ်ိဳး အျမဲတေစ ျဖစ္မေနနိုင္ပါဘူး။  သစ္အသစ္ေသာ စိတ္ဖိစီးရမႈေတြကိုလည္း ျဖစ္ေစပါတယ္။ မူႀကိဳေက်ာင္းေတြမွာ အမွန္တကယ္ျပန္႔ႏွံ့ေနတဲ့ ဖယ္က်ဥ္ခံရမႈေတြရွိေနတယ္။ဥပမာ – (ဒါက အသားေရာင္ရွိကေလးေတြ နဲ႔ ေယာက္က်ားေလးငယ္ေတြၾကားပိုၿပီးသိသာတယ္) စိတ္က်န္းမာေရးျပသနားရွိတဲ့ကေလးေတြ၊ အမူအက်င့္ပိုင္းဆိုင္ရာ ျပသနာရွိတဲ့ ကေလးေတြတိုးလာေနတာပါ။

“ကေလးျဖစ္ျခင္း” ဆိုတဲ့အခ်က္က တကယ့္ကို အေရးပါတာပါ။လူေတြရဲ့႐ုပ္ခႏၶာမွာ ငယ္ဘဝ  အမွတ္လကၡဏာေတြကို ေတြ႕ျမင္ၾကရတာေၾကာင့္ပါ။ ကစားရင္း သင္ယူခြင့္ရခဲ့ရင္ ၊ တစ္ဦးနဲ႔တစ္ဦး

ႏွစ္ႏွစ္ကာကာ ဆက္ဆံခြင့္ေတြ ရခဲ့ၾကရင္ သူတို႔ရဲ့ဘဝသက္တမ္းေတြက ပိုရွည္ၾကာသလို၊  လူမႈစီးပြါးစြမ္းေဆာင္ရည္ေတြလည္း ပိုေကာင္းလာၾကလိမ့္မယ္။ သူတို႔ရဲ့ဖြံ့ၿဖိဳးေနဆဲဦးေႏွာက္ေတြက  သဘာဝက်က် ဖြံ့ၿဖိဳးခြင့္ရ၊ ဘာသာစကားေတြႂကြယ္ဝစြာနဲ႔ အလ်င္လိုမေနတဲ့ပတ္ဝန္းက်င္မွာ ႀကီးျပင္းခြင့္ရမယ္ ဆိုရင္ေပါ့ေလ။ ဟိုအရင္တုံးကထက္ပိုရွင္း လာတဲ့အခ်က္ကေတာ့ ကေလးဆိုတာ

လူႀကီးတစ္ပိုင္း ေပါက္စေလးေတြမဟုတ္ဘူးဆိုတာပါပဲ။

မွန္ပါတယ္ရွင့္။ဒါနဲ႔ ရွင့္ရဲ့စာအုပ္မွာ Adultification လူႀကီးသတ္မွတ္ျခင္းဆိုတဲ့ ေဝါဟာရကို သုံးခဲ့တယ္ေနာ္။ ဒါကိုဘယ္လိုအဓိပၸါယ္ဖြင့္ဆိုမလဲရွင့္။ ၿပီးေတာ့  ကေလးဘဝနဲ႔ ပတ္သက္တဲ့ က်မတို႔ရဲ့အျမင္အေပၚ ဒါက ဘယ္လို သက္ေရာက္မႈမ်ိဳးရွိေစမလဲ?

 

Adultification ဆိုတာက ကေလးတစ္ေယာက္အျမင္မ်ိဳးနဲ႔ေလာကကိုမၾကည့္ျမင္နိုင္ေတာ့ကိုဆိုလို တာပါ။ တခါတရံ ဆရာဆရာမေတြကို က်မေျပာတယ္။ ၾကမ္းျပင္ေပၚထိုင္ခ်ၿပီး ၄-ႏွစ္သားကေလး ျမင္ရတဲ့ အျမင့္ကေန ပါတ္ဝန္းက်င္ကို ၾကည့္ၾကည့္စမ္းပါလို႔။ ဒါမွမဟုတ္လည္း ကေလးေတြဝတ္တဲ့ ႏွင္းကာဝတ္ၿပီး၊ ကေလးတစ္ေယာက္ရဲ့ ေျခလက္လႈပ္ရွားနိုင္စြမ္းကို စမ္းၾကည့္ၾကစမ္းပါလို႔။ ဒါက လူႀကီးတစ္ေယာက္အေနနဲ႔  ကေလးေတြရဲ့ အခ်ိန္ဇယားေတြစီမံမႈ၊ ကေလးေတြအေပၚထားတဲ့ ေမၽွာ္လင့္ခ်က္၊ လူႀကီးႏူန္းနဲ႔ ကေလးေတြေပၚ စဥ္းစားမႈေတြကို အျမင္ပြင့္ေစမယ့္ နည္းမ်ားစြာထဲက တစ္နည္းပါပဲ။ အရင္ေခတ္ကေလးေတြထက္ အတန္းထဲမွာ အခ်ိန္အၾကာႀကီးပိုေနရ အိပ္စက္ခ်ိန္ေတြပို နည္းကုန္ရတာ ဘာအတြက္လဲ? ကေလးေတြရဲ့ဖြံ့ၿဖိဳးဆဲ ဦးေႏွာက္ေတြ က လူႀကီးေတြရဲ့ အစီစဥ္ ဇယားေတြ၊ လူႀကီးစံႏူန္းေတြအတိုင္း လိုက္နိုင္ဖို႔ ပုံစံထုတ္ထားတာ မဟုတ္ဘူးဆိုတာကိုေတာ့ မိဘေတြေရာ၊ ပညာေရးသမားေတြပါ လက္ခံသေဘာတူနိုင္ၾကလိမ့္မယ္လို႔ က်မထင္ပါတယ္။

ဒါကျပသနာတစ္ရပ္ပဲလို႔ေတာ့ အေျခခံအားျဖင့္သိၾကတယ္။ ဒါေပမဲ့ ဒီလိုသံသရာလည္ေနတာကိုေတာ့

ရပ္တန္႔ပစ္ဖို႔ခက္ေနၾကတယ္။ ေနာက္ကိုေျခတစ္လွမ္းျပန္ဆုတ္ၿပီး ကေလးေတြရဲ့အျမင္နဲ႔ ေလာကႀကီးကို က်မတို႔ၾကည့္ဖို႔လိုၿပီ။လူႀကီးတစ္ေယာက္ရဲ့မ်က္လုံးနဲ႔ သူတို႔ရဲ့ ဖြံ့ၿဖိဳးမႈကို က်မတို႔ၾကည့္တယ္။ စဥ္းစားၾကည့္ပါ။ ရႊံ့ပုံးထဲကို တစ္နာရီေလာက္ထိုင္ တူးေနတဲ့အေပၚ ဘယ္လိုသင္ယူမႈမ်ိဳးကိုမွ က်မတို႔အေနနဲ႔ျမင္နိုင္စရာမရွိဘူး။ ဒီေတာ့ သခၤ်ာ ေလ့က်င့္ခန္း လုပ္ရမယ့္အခ်ိန္ေရာက္ၿပီ ဆိုၿပီးႀကိမ္တို႔ႏွင္လႊတ္တယ္။

အျပင္ထြက္ကစားရတဲ့ ကစားခ်ိန္က နည္းလိုက္တာဆိုၿပီး စိတ္ပ်က္ စိတ္ကုန္ေစတယ္။  ကေလးအမ်ားစု သူတို႔ငယ္ဘဝမွာရခဲ့ၾကတဲ့ ႂကြက္သားေတြ သန္စြမ္းေစတဲ့ကစားနည္းေတြေလ။ ဒီလိုမ်ိဳး လူႀကီးလိုသေဘာထားသတ္မွတ္တာေတြ က ကေလးေတြကို ပိုျဖစ္ထြန္းေစလိုတဲ့ ရည္ရြယ္ခ်က္က လာတာ။  ကေလးေတြ လုပ္နိုင္တယ္ဆိုတာကို  ေလးေလးနက္နက္ မယုံၾကည္ရာကေနျဖစ္လာတာပါ။

အရည္ေသြးျမင့္ ကေလးသူငယ္ပညာေရး ဆိုတာဘယ္လိုမ်ိဳးပါလဲ? အေကာင္းဆုံး သင္ခန္းစာေတြကို

ေလ့က်င့္သင္ၾကားေပးေနတဲ့ မူႀကိဳေက်ာင္းတစ္ခုထဲကို လမ္းေလၽွာက္ဝင္သြားခဲ့ရင္ ဘာေတြျမင္လို႔

ဘာေတြၾကားရမယ္လို႔ ထင္ပါသလဲ? အရည္ေသြးရွိ ပညာေရး ဆိုတာက ဆက္ဆံေရးေတြပါပဲ။ ကေလးဖြံၿဖိဳးေရးနဲ႔ပတ္သက္လို႔ နားလည္တဲ့ ၊သိတဲ့၊ ကေလးေတြကို ေစာင့္ေရွာက္တဲ့၊ မိမိတို႔ထိန္းသိမ္း ေစာင့္ေရွာက္မႈနဲ႔ ကေလးေတြကို တစ္သားတည္းျဖစ္လာေစတဲ့ ဆရာဆရာမေတြဟာ  က်မတို႔ ဒီေန႔ေခတ္ရဲ့ပညာေရး အရည္ အေသြးကို တိုင္းတာေနတဲ့ အတိုင္းအတာ မ်ားစြာထက္ကို ပိုၿပီးအေရးႀကီးပါတယ္။ အတန္းအရြယ္အစားတို႔၊ ႐ုပ္ပိုင္းဆိုင္ရာပတ္ဝန္းက်င္တို႔၊ အထူးေရးဆြဲ

ထားတဲ့ သင္ရိုးတို႔ ဆိုတာေတြထက္ကို အမ်ားႀကီးပိုၿပီးအေရးပါ ပါတယ္။

လြတ္လြတ္လပ္လပ္နဲ႔ စကားေတြအမ်ားႀကီးအျပန္အလွန္ေျပာဆိုတာမ်ိဳးက အလြန္အေရးႀကီးတယ္။

တစ္ေန႔တာမွာ ေႏြးေထြး ခံစားေပးတတ္တဲ့ စကားေျပာတာမ်ိဳးကို ကေလးေတြ ေတြ႕ၾကဳံရဖို႔လိုတယ္။

အခ်င္းခ်င္းလည္း စေနာက္ ၾကည္ဆယ္ရင္း စကားေျပာခ်ိန္ရွိဖို႔လိုတယ္။ လူႀကီးေတြနဲ႔ ေတာင္စဥ္ေရမရစကားေတြ ေျပာၾကဖို႔အခ်ိန္လည္းရွိဖို႔လိုတယ္။စာေကာင္းေပမြန္ေတြကို နားေထာင္ေစရင္း အဓိပၸါယ္ရွိတဲ့ ေမးခြန္းေတြလည္းေမးတတ္ၾကရမယ္။

သုေတသနအရေတာ့ အရည္ခ်င္းရွိတဲ့ ကေလးေစာင့္ေရွာက္သူဆိုတာ ကေလးဖြံ့ၿဖိဳးမႈ (၃-ႏွစ္အရြယ္ကေလးက ဘယ္လို) အျပင္ ႏွီးႏြယ္ေနတဲ့ အျခားဖြံ့ၿဖိဳးမႈ အတိုင္းအတာေတြကိုလည္း သိရလိမ့္မယ္။ ဒါ့အျပင္ ကေလး တစ္ဦးခ်င္း (ကိုယ့္ကေလးကဘယ္လိုဆိုတာ) ကိုလည္းသိၾကရမယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ အေသအခ်ာမွတ္ထားရမွာ ကေတာ့ စနစ္တက် ရည္ရြယ္ခ်က္ရွိရွိ သင္ေပးတဲ့သင္ၾကားေရးဆိုတာ ပြဲခင္းထဲမွာ ကေလးတိုင္း ေျပးခ်င္သလို ေျပးလို႔ရတာမ်ိဳးနဲ႔ေတာ့ ဆန္႔က်င္ဘက္ဆိုတာကိုပါပဲ။

အရည္အေသြးရွိတဲ့ မူႀကိဳဆရာ ဆိုတာ သူလုပ္သမၽွတိုင္းမွာ ရည္ရြယ္ခ်က္ရွိရတယ္။ အတန္းအစီအစဥ္ဇယား၊ ေန႔စဥ္လုပ္ငန္း၊ အတန္းတြင္းမွာရွိတဲ့ပစၥည္းေတြ၊ ကေလးေတြ စူးစမ္းရွာေဖြဖို႔ ၊ ကၽြမ္းက်င္ေအာင္ကိုင္တြယ္ဖို႔ထားတဲ့ ပစၥည္းပစၥယအဆုံး အားလုံးသူ႔ရည္ရြယ္ခ်က္နဲ႔သူရွိရမယ္။

ဒီလိုဆရာဆရာမမ်ိဳးေတြက ေလ့လာေစာင့္ၾကည့္တာ၊ ျပန္လွန္သုံးသပ္တာ စတာေတြ အတြက္အခ်ိန္ကို သူမတူေအာင္ အသုံးျပဳၾကသူေတြျဖစ္တယ္။  ဘာမွမရွိပဲနဲ႔ေတာ့ ဘာကိုသြားေစာင့္ၾကည့္မလဲ။ အေကာင္းဆုံး မူႀကိဳေက်ာင္းဆိုတာ တာဝန္သိမႈ၊ စူးစမ္းေလ့လာမႈ ေတြကို အေျခခံတဲ့ ပ်ိဳးေထာင္မႈမ်ိဳးရွိတဲ့ေက်ာင္းပါပဲ။ ဒီလိုသဘာဝရွိမွလည္း အတူတူ စူးစမ္းေလ့လာ နိုင္မယ္၊ ကေလးေတြရဲ့စူးစမ္းစပ္စုလိုတဲ့ စိတ္ေနသဘာဝ အသုံးခ်ၿပီး မိမိတို႔ရဲ့သင္ယူမႈ ပါတ္ဝန္းက်င္ကို ပိုၿပီး ေကာင္းေအာင္ ျပဳျပင္သြားနိုင္မွာေပါ့။

ဒါကစိတ္ဒါဏ္ရာရွိတဲ့ကေလးေတြ၊ သူမ်ားနဲ႔မတူတဲ့ ငယ္ဘဝ ခါးသီးအေတြ႕ၾကဳံရွိတဲ့ ကေလး အမ်ားစုအတြက္ လုံးဝအမွန္တရားပါပဲ။ညကဘာမွ မစားခဲ့ရဘဲ အိပ္ယာဝင္ခဲ့ရၿပီး  အိပ္ယာနိုး တံခါးဝဆီ ထသြားတဲ့ကေလး၊ ဒါမွမဟုတ္- ေကာင္းေကာင္းမြန္မြန္ေစာင့္ေရွာက္ခံရ၊ ကိုယ့္ကို လက္ခံတဲ့ညီအစ္ကိုေမာင္ႏွမ၊ အဖိုး၊ အဖြားစသည္ရွိတဲ့ ကေလးဆိုပါစို႔ … အရည္ေသြးရွိ မူႀကိဳေက်ာင္း စာသင္ခန္းမွာ  အေတြ႕ၾကဳံေတြအေျခခံတဲ့ေဆာင္ရြက္မႈမ်ိဳးေတြရွိမယ္။  အသိဉာဏ္နဲ႔ စိတ္လႈပ္ရွား ခံစားမႈေတြဖြံ့ၿဖိဳးေစမဲ့နည္း လမ္းရွိမယ္။ ဒီလို ပါတ္ဝန္းက်င္မ်ိဳးမွာ ပညာေပးသူေတြက ကေလးအားလုံး အျပည့္အဝ သင္ယူနိုင္စြမ္းရွိတယ္ဆိုတဲ့စမွတ္ကေန စၾကရလိမ့္မယ္။ ၿပီးရင္ ေက်ာင္း ၊ဒါမွမဟုတ္ ျပည္နယ္အာဏာပိုင္ေတြ ေျပာၾကတဲ့ သင္ယူမႈဆိုတာေတြမ်ိဳးေတြကိုလည္း ျငင္းပယ္ရလိမ့္မယ္။

ကစားျခင္းရဲ့ အေရးပါပုံ အေၾကာင္း ရွင္ကေတာ္ေတာ္မ်ားမ်ားေရးထားတယ္။  ဒီေတာ့ ကစားျခင္းဆိုတာကို ရွင္ကဘယ္လိုမ်ားအဓိပၸါယ္ဖြင့္ပါသလဲ။ၿပီ းေတာ့ ကစားျခင္းက ဘာ့ေၾကာင့္ဒီေလာက္အေရးႀကီးရပါသလဲ?

ကစားတာက နို႔တိုက္သတၱဝါေတြမွာ ဖြံၿဖိဳးမႈ အတြက္လိုအပ္တဲ့အလုပ္ပါပဲ။ ဒီလိုကစားလိုစိတ္က

ခ်ိဳးႏွိမ္လို႔မရေအာင္ကို အရိုးအသားထဲစြဲေနတဲ့ လႈံ႔ေဆာ္ခ်က္ပဲ။ အေရးႀကီးတာက ကစားခ်င္တဲ့ စိတ္ကတစ္ခု၊ ကစားနည္းသိတာက တျခားျဖစ္တယ္။၊ အျမဲသဘာဝက်ေနဖို႔ လိုတာမ်ိဳး မဟုတ္ဘူး။ ေသေသခ်ာခ်ာစနစ္တက်ပ်ိဳးေထာင္ေပးဖို႔လိုတယ္။ ေခတ္မီဖြံ့ၿဖိဳးတဲ့နိုင္ငံေတြက လူ႔အဖြဲ႕အစည္းေတြမွာ ပိုၿပီး တလြဲက်တဲ့ ကစားနည္းေတြ မ်ားေနတာ ေတြ႕ရတယ္။ ကေလးေတြက သက္ရြယ္မ်ိဳးစုံအုပ္စုေတြနဲ႔ မကစားၾကဘူး။ အသက္ရြယ္စုံအုပ္စုမွာဆိုရင္ အငယ္ေတြက အႀကီးေတြထံေန သင္ယူလို႔ရတယ္။ အႀကီးေတြကလည္း ငယ္သူအေပၚ သနားတာ၊ညႇာတာ တာေတြကို သင္ယူခြင့္ရမယ္။ ကေလးေတြ ဆူညံပတ္ ေျပးေနတဲ့ အခ်ိန္မ်ိဳးနဲသြားၿပီး ကိုယ့္ကစားပြဲစည္းကမ္း ကိုယ္ခ်တတ္လာမယ္။ ထိထိေရာက္ေရာက္ ကစားနိုင္ဖို႔ရာအတြက္ ေနရာနဲ႔ အခ်ိန္လိုတယ္။

ၿပီးေတာ့ ကစားတာကို တန္ဖိုးထားတဲ့ယဥ္ေက်းမႈမ်ိဳးလည္းရွိဖို႔လိုတယ္။

ဒီလို ကေလးသဘာဝ ယဥ္ေက်းမႈေတြ သိပ္မေတြ႕ရေတာ့ဘူး။ “ကဲေဟ့။ကတ္ထူျပားေတြနဲ႔ ခံတပ္တစ္ခုသြားလုပ္ၾက” လို႔ ကေလးေတြကို ခ်က္ျခင္း ခိုင္းလိုက္တယ္ ဆိုပါစို႔။ စနစ္တက် စီမံထားတဲ့အခ်ိန္မရွိ၊ လိုခ်င္တဲ့ပစၥည္း ရွာလို႔ရနိုင္မယ့္ ေနရာမရွိ၊ စားခ်ိန္လြတ္စီမံတာမရွိဆိုရင္ စိတ္တိုေနမယ့္ စိတ္ပါလက္ပါမရွိတဲ့ကေလးပဲ ေတြ႕ရဖို႔ပိုျဖစ္နိုင္လိမ့္မယ္။

….

က်မတို႔က မူႀကိဳလို႔သုံးႏူန္းေခၚေဝၚေနတဲ့စကားလုံးမွာ ကေလးသူငယ္သင္ရိုးဆိုတာမ်ိဳး အစစ္အမွန္ပါဝင္ေနစရာမလိုဘူးလို႔ ရွင္ကေျပာခဲ့တယ္။ေက်ာင္းမွာလည္း ဒီလိုမ်ိဳးရွိေနဖို႔မလိုဘူးလို႔ေျပာတယ္။

ဘာ့ေၾကာင့္ဆိုတာရွင္းျပေပးပါလား။

ပန္းပြင့္ေပၚ လိပ္ျပာနားတာကို ၾကည့္ၿပီး အံ့ဩေနတဲ့ ကေလးတစ္ေယာက္ရဲ့မ်က္ႏွာေပၚက အံ့အားသင့္မႈကိုေတြ႕ျမင္တဲ့ဘယ္သူမဆိုဟာ သင္ယူမႈဆိုတာ စာသင္ခန္းထဲမွာပဲ ရွိတာ မဟုတ္ဘူး ဆိုတာကို နားလည္ သေဘာေပါက္လိမ့္မယ္။  ကေလးတစ္ေယာက္က ဘယ္လိုေနရာ အေနအထားမွာ မဆို သင္ယူနိုင္စြမ္းက ရိုးတြင္းခ်ဥ္ဆီထဲကကို ရွိေနတယ္၊ ပါလာတယ္ ဆိုတာကေတာ့ သတင္းေကာင္းပဲ။ တာဝန္ယူတတ္တဲ့ လူႀကီးတစ္ေယာက္ေယာက္ရဲ့  ခ်စ္ခင္စိတ္နဲ႔ အတူ ေဖးမကူညီမႈရွိခဲ့ရင္  မူႀကိဳေက်ာင္းကေခါင္းေလာင္းသံ၊ ခရာသံေတြမပါလည္း  ကေလးေတြ သင္ယူနိုင္စြမ္းရွိၾကပါတယ္။ ဒီေတာ့ သင္ယူမႈ အမ်ားစုက သိပၸံပညာရွင္ေတြ ေျပာၾကသလို လူႀကီးနဲ႔ ကေလးငယ္အၾကား အျပန္အလွန္ အေပး အယူ ဆက္ဆံေရးကေန သဘာဝအတိုင္း ရရွိလာၾကတာျဖစ္တယ္။ တခ်ိဳ႕ကေတာ့လည္း စကားေျပာတဲ့ စုံတြဲ ဆိုၿပီးသုံးေလ့ရွိတယ္။ ကေလးေတြနဲ႔ ေန႔စဥ္ဆက္ဆံေရးမွာ ဒီနည္းလမ္းကိုအသုံးခ်ဖို႔ မိဘေတြနဲ႔ ပညာေရးသမားေတြကို လမ္းညႊန္ေလ့က်င့္ေပးျခင္းအားျဖင့္ ဆင္းရဲခ်မ္းသာကြာဟလို႔ ဝင္ေငြနည္း မိသားစုက ကေလးေတြရဲ့ ပညာေရး အလွမ္းမမီမႈ ကြာဟခ်က္ကို ဖယ္ရွားေပးနိုင္တဲ့ သက္ေသအေထာက္အထားအ မ်ားႀကီး က်မတို႔မွာရွိပါတယ္။ ပန္းသီးကဘာေရာင္လဲ”။ “ ဘာပုံဆြဲေနတာလဲ” စတဲ့ စစ္ေမးျခင္းဆန္တဲ့ ေမးခြန္းမ်ိဳးမဟုတ္ဘဲ၊ “ဆြဲထားတဲ့ပုံေလးအေၾကာင္း ဆရာမကို ေျပာျပပါလား” ဆိုတဲ့ ေျပာလိုရာေျပာလို႔ရတဲ့ေမးခြန္းမ်ိဳးေတြေမးဖို႔ ဆရာဆရာမေတြကို က်မလမ္းညႊန္ေပးေလ့ရွိတယ္။ ဒီလို ေျပာခ်င္ရာ တုန္႔ျပန္ေျပာနိုင္ျခင္းက နက္ရွိုင္းတဲ့သင္ယူမႈ နဲ႔ ခ်က္ျခင္း သင္ယူမႈအတြက္ ဧရာမ ကြင္းႀကီးတစ္ခုကို အမွန္တကယ္ ဖြင့္ေပးလိုက္တာပါပဲ။

 

(မူရင္းေဆာင္းပါး https://www.edutopia.org/article/whats-lost-when-we-rush-kids-through-childhood အား ဘာသာျပန္ပါသည္။)